ကမ္ဘာကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ Selena Gomez ဟာဆိုရင်ပြီးခဲ့တဲ့ရက်အနည်းငယ်က သူမရဲ့ Instagram မှာ မကြာခင်လက်ထပ်တော့မယ်လို့ပြောကြားခဲ့ပါတယ်။ ပရိသတ်ကြီးသိကြတဲ့အတိုင်း Selena Gomez နဲ့ Justin Bieber တို့ဟာဆိုရင် ပြီးခဲ့တဲ့နှစ်တွေတုန်းက ပြတ်ခဲ့ကြတာဖြစ်ပြီး JB ဟာဆိုရင်လဲ မော်ဒယ်တစ်ယောက်ဖြစ်တဲ့ Hailey Baldwin နဲ့လက်ထပ်သွားတာဖြစ်ပြီး သူမကတော့ အသည်းကွဲကာ ကျန်ရစ်နေခဲ့ပါတယ်။ သူရဲ့အသည်းကွဲမှုကြောင့် စိတ်ဓာတ်တွေကျတဲ့အပြင် သူရဲ့ကျန်မားရေးလဲ ထိခိုက်ခဲ့ရပါတယ်။ အဲ့နှစ်မှာဆို သူမရဲ့ ကျောက်ကပ်လဲလှယ်ခဲ့ရပါတယ်။ 

နောက်နှစ်မှာတော့ သူမဟာ အတက်နိုင်ဆုံးစိတ်ဓာတ်ကို ပြန်ထူးကာ သူငယ်ချင်းတွေနဲ့အတူ အချိန်ကိုပျော်ရွှင်စွာဖြတ်သန်းရင် သီချင်းအလုပ်တွေကိုလဲ နားခဲ့ပါတယ်။ သူမရဲကျန်းမာရေးအခြေအနေကနေ သက်သာလာတဲ့ချိန်မှာ သူမရဲ့သီချင်တွေပြန်ထွက်ရှိလာတဲ့အပြင် သူမကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ The Dead Don't Die ဆိုတဲ့ရုပ်ရှင်ကားပါထွက်ရှိခဲ့ပါတယ်။ အဲ့ကားဟာဆိုရင်တော့ ဖုတ်ကောင်ကားတစ်ကားဖြစ်ကာ ဟာသဘက်ရောက်တဲ့ကားတစ်ကားပဲဖြစ်ပါတယ်။ ခုချိန်မှာတော့သူမဟာ အဲ့ကားထဲက ကမ္ဘာကျော်မင်းသားတစ်ယောက်ဖြစ်တဲ့ Bill Murray နဲ့လက်ထပ်တော့မယ်လို့ Instagram မှာပြောပြခဲ့ပါတယ်။ 

သူတို့နှစ်ယောက်ဟာဆိုရင်လဲ Cannes ရုပ်ရှင်ပွဲတော်ကို သူတို့ရုပ်ရှင်ကားဖွင့်ပွဲအတွက် အတူတူတက်ရောက်လာခဲ့တဲ့ ပုံရိပ်တွေကို တွေ့ရှိရမှာဖြစ်ပါတယ်။ သူမကိုအားပေးတဲ့ပရိသတ်တွေကတော့ သူမအဲ့သတင်းကိုပြောပြလိုက်တဲ့အချိန်မှာပဲ ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။ သူမတို့နှစ်ယောက်ကိုလဲ လိုက်ဖက်တဲ့အတွဲလို့ပြောခဲ့ကြကာ ပရိသတ်တွေက အားပေးနေခဲ့ကြပါတယ်။ မင်းသား Bill Murray ကလဲ Selena Gomez နဲ့ပတ်သတ်ပြီး ရုပ်ရှင်ပွဲတော်မှာ ပြောပြခဲ့ပါသေးတယ်။ ပရိသတ်ကြီးလဲ သူတု့ိနှစ်ယောက်ကို သဘောတြူကမယ်လို့ ထင်ပါတယ်။  

Source : Selena Gomez

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။