Kose Myanmar အလှကုန်က အမှတ်​တရ နှစ်​သစ်​လက်​​ဆောင်​အဖြစ်​ ဂုဏ်​ပြုထိုက်​သူများ ကို အမှတ်တရလက်ဆောင်ပေးခြင်းအစီအစဉ်မှာ

ရန်ကုန်ကပြည်သူတွေကြားမှာ ထင်ရှားတဲ့ အမြဲတမ်​းတာဝန်​သိတာဝန်​​ကျေပွန်​အောင်ဆောင်ရွက်လေ့ရှိသူ ယာဉ်​ထိန်​းရဲ တပ်​ကြပ်​ကြီး ကိုခင််မြင့်မောင်ကို

အောက်ပါအလှကုန်ပစ္စည်းများ တစ်နှစ်စာ လက်ဆောင်ပေးအပ်ခဲ့ပါတယ် ။ 

Sekkisei sun protect essence GeL(For summer )

Sekkisei essence milk sun protector (for all season)

Nature & co facial form

မျက်​နှာသစ်​ဆပ်​ပြာ Orgcic series product

အပူရှိန်ပြင်းလှတဲ့ နွေရာသီကို လမ်းမပေါ်မှာဖြတ်သန်းရမယ့် ယာဉ်ထိန်းရဲကြီးကိုခင််မြင့်မောင်အတွက်တော့

အသုံးဝင်မယ့်ပစ္စည်းတွေဖြစ်ပါလိမ့်မယ် ။ ကိုခင််မြင့်မောင်ဟာဆိုရင် သူတာဝန်ကျရာ ဓမ္မစေတီလမ်းဆုံမှာ နေပူမရှောင်မိုးရွာမရှောင်

လမ်းရှင်းလေ့ရှိတဲ့ယာဉ်ထိန်းရဲတစ်ဦးဖြစ်ပါတယ် ။ ထိုနေရာကို ရောက်တိုင်းမှာ အပြုံးလေးနဲ့ ဝန်ဆောင်မှုပေးနေတဲ့ သူ့ကိုခရီးသွားပြည်သူတွေ သတိထားမိရာကစ လူချစ်လူခင်ပေါများလာခဲ့ပြီး ထိုလမ်းဆုံမှာ ထိုယာဉ်ထိန်းရဲရှိမှ ပြည့်စုံတယ်လို့တောင် ထင်လာကြတဲ့ထိပါပဲ ။ သွားရင်းလာရင်းလက်ပြနှုတ်ဆက်သွားသူများ ပြုံးပြရယ်ပြနှုတ်ဆက်သူများကို ဖြူဖွေးတဲ့သွားတွေပေါ်အောင် ပြန်ရယ်ပြရင်း အလုပ်လုပ်နေတဲ့ မြင်ကွင်းကို ဓမ္မစေတီလမ်းဆုံမှာမြင်တွေ့ရလေ့ရှိပါတယ် ။

အမြဲပြုံးရွှင်ပြီး တာဝန်ကျေတဲ့ အဆိုပါယာဉ်ထိန်းရဲကြီးကို ချစ်ခင်သူများက စေတနာမေတ္တာနဲ့ ကားပေါ်ကနေ မုန့်များ ၊ ရေသန့်ဘူးများ ၊ လက်ဆောင်များပင်ပေးကြကြောင်းထိုအနီးအနားမှာနေထိုင်သူများကဆိုပါတယ် ။ ကမ္ဘာထိပ်တန်း သတင်းစာ တစောင်ဖြစ်တဲ့ The New York Time သတင်းစာမှာ တစ်ကမ္ဘာလုံးကကျော်ကြားသူများနည်းတူ ရန်ကုန်ရဲ့ ဟီးရိုး အဖြစ်ဂုဏ်ပြုဖော်ပြခံရပြီး ခရီးသွား ပြည်သူက ကြည်ဖြူချစ်ခင်တဲ့ ရှားမှရှား ပြည်သူ့ဝန်ထမ်းကောင်း တစ်ယောက်အဖြစ် လက်ခံကြပါတယ် ။ သူဟာ 7 Day Hero ဆုကိုရရှိထားသူတစ်ဦးလဲ ဖြစ်ပါတယ် ။

Source : sunday journal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။