Liam လေးကတော့ ပရိသတ်တွေကြားမှာ မသိသူမရှိလောက်အောင် လူချစ်လူချစ် ပေါများနေတဲ့ ကလေးလေးပဲ ဖြစ်ပါတယ်။ မေမေယွန်းဝတီလွင်မိုးရဲ့သားဦးလေးဖြစ်သလို ဘိုးဘိုးလွင်မိုးရဲ့ မြေးဦးလေးလည်းဖြစ်တဲ့ Liam လေးက အားလုံးရဲ့အချစ်တွေကို တစ်ယောက်တည်း ရရှိထားတာ ဖြစ်ပါတယ်။ Liam လေးကိုတော့ နှစ်ဖက်မိဘအသိုင်းအဝိုင်းက ဝိုင်းတုန်အောင် ချစ်ကြသလို အနုပညာရှင်တွေကပါ ချစ်ခင်နေရတာ ဖြစ်ပါတယ်။

တဖြည်းဖြည်းနဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာတဲ့ Liam လေးက အခုဆိုရင် အသက်ကိုးလကျော်အရွယ်ရှိပြီ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ Liam လေးရဲ့ ဖေဖေ့ဘက်က ဘွားဘွားက အိမ်ကိုအလည်လာပြီး မြေးလေးကို လာတွေ့ခဲ့ပါတယ်။ Liam လေးတို့မြေးအဘွားက တွေ့ဆုံတုန်းမှာ ကစားစရာတွေနဲ့ အတူဆော့ပြီး ပျော်ရွှင်ခဲ့ကြပါတယ်။

အခုလည်း ဘွားဘွားဖြစ်သူက မြေး Liam လေးနဲ့ ပျော်ပျော်ပါးပါး ဆော့ကစားထားတဲ့ ပုံရိပ်လေးတွေကို မျှဝေထားပါတယ်။ Liam လေးကတော့ ဘွားဘွားကအိမ်လာလည်ပြီး အတူဆော့ပေးလို့ အသည်းယားစရာကောင်းလောက်အောင် ပျော်ရွှင်နေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အတူတူဆော့ကစားနေကြတဲ့ Liam လေးတို့မြေးအဘွားနှစ်ယောက်ရဲ့ ချစ်စရာပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Tin Nwe Aye & May Thu;

photo credit; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။