ဂျူနီယာမြင့်မြတ်လေးလို့ အားလုံးက ချစ်စနိုးခေါ်ဝေါ်ကြတဲ့ မြတ်သူလေးကတော့ ဖေဖေမြင့်မြတ်ရဲ့သားချောလေးပဲ ဖြစ်ပါတယ်။ မြင့်မြတ်နဲ့ ဇနီး ခင်သူအောင်တို့ရဲ့ ပထမဆုံးသားဦးရတနာလေးဖြစ်တဲ့ မြတ်သူလေးက မျက်နှာ လုံးလုံးဝိုင်းဝိုင်းလေးနဲ့ အရမ်းကိုချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အနုပညာရှင်တွေကပါ အိမ်အထိလာရောက်ပြီး မြတ်သူလေးနဲ့ တွေ့ဆုံလေ့ရှိတာ ဖြစ်ပါတယ်။

အခုဆိုရင် မြတ်သူလေးက ဖေဖေမြင့်မြတ်ရဲ့ ရိုက်ကွင်းတွေအထိ အတူတူလိုက်ပြီး ခရီးတွေထွက်နေပြီ ဖြစ်ပါတယ်။ အခုလည်း ဖိုးဝရုပ်လေးလို ချစ်စရာကောင်းတဲ့ မြတ်သူလေးကို မမဆူဇီနဲ့ မမဂျူးဂျူးတို့က အိမ်အထိ လာတွေ့ခဲ့ကြပါတယ်။ မမနှစ်ယောက်ကြားမှာ အချစ်ခံနေရတဲ့ မြတ်သူလေးက အရမ်းကို အသည်းယားစရာကောင်းနေတာပဲ ဖြစ်ပါတယ်။

မမနှစ်ယောက်က ချီပြီးဝိုင်းချစ်နေတာကို မြတ်သူလေးက မျက်လုံးအဝိုင်းသားလေးနဲ့ ကြည့်နေတာပဲ ဖြစ်ပါတယ်။ တစ်နေ့တစ်ခြား ပိုပိုပြီး ချစ်ဖို့ကောင်းလာတဲ့ ဂျူနီယာမြင့်မြတ်လေးကိုတော့ ပရိသတ်တွေက အပြတ်အသတ် ဝန်းရံနေကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အိမ်ကိုလာလည်တဲ့ မမနှစ်ယောက်ကြားမှာ ပျော်နေတဲ့ မြတ်သူလေးရဲ့ ချစ်စရာပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Ju Jue Pan Htwar;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။