အင်္ဂလန်နိုင်ငံရဲ့သက်တမ်းအရင့်ဆုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့FAဖလားပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲကိုတော့မနေ့ည၁၀ခွဲမှာမန်စီးတီးအသင်းနဲ့ဝက်ဖို့ဒ်အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြပြီးဂိုးပြတ်နိုင်ပွဲနဲ့တူတူမန်စီးတီးအသင်းကချန်ပီယံဖြစ်ခဲ့ပါတယ်။မန်စီးတီးအသင်းဟာပူပူနွေးနွေးပရီးမီးယားလိဒ်ချန်ပီယံဆုဖလားကြီးကိုမကြာခင်ကမှသိမ်းပိုက်ထားတဲ့အမှတ်ပေးချန်ပီယံအသင်းဖြစ်ပြီးခုမှာဝက်ဖို့ဒ်ကို၆ဂိုးပြတ်အနိုင်ယူခဲ့ပြီးအောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာဒီနေ့ပွဲမှာလည်းလူစုံတက်စုံနဲ့ကစားခဲ့ပြီးပထမပိုင်းမှာ၂ဂိုးသာသွင်းယူနိုင်ခဲ့တာပါ။ဒုတိယပိုင်းမှာတော့မန်စီးတီးအသင်းရဲ့ကစားပုံဟာပိုမိုလျှင်မြန်လာပြီးသွင်းဂိုးတွေတောက်လျောက်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒီနှစ်ရာသီကတော့မန်စီးတီးအသင်းအတွက်တော့အအောင်မြင်ဆုံးရာသီအဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်းဟာဒီနှစ်ဘောလုံးရာသီအစမှာကွန်မြူနဒီဒိုင်း၊ကာရာဘောင်ဖလား၊အမှတ်ပေးဖလားတွေနဲ့FAဖလားကိုပါသိမ်းပိုက်ပြီးဖလား၄လုံးချန်ပီယံအဖြစ်မှတ်တမ်းတင်နိုင်ခဲ့တာပါ။မန်စီးတီးအသင်းဟာပြည်တွင်းမှာအောင်မြင်မှုတွေရရှိပေမယ့်ဥရောပပြိုင်ပွဲတွေမှာတော့ရလဒ်ကောင်းဖို့ကြိုးစားရပါတယ်။ပရိသတ်တွေအတွက်လည်းမန်စီးတီးအသင်းရဲ့အောင်ပွဲခံပုံရိပ်လေးတွေကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

Source:Manchester City

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။