အပြုံးလေးတွေနဲ့ နှုတ်ခမ်းနီမလေးတွေကိုအပြည့်အဝဆွဲဆောင်ထားနိုင်သူလေးကတော့ မော်ဒယ်မင်းသားချောလေး ပိုင်တံခွန်ပဲ ဖြစ်ပါတယ်။ ကိုရီးယားမင်းသားလေးလို့ထင်မှတ်ရလောက်အောင် တောင့်တင်းလွန်းတဲ့ ခန္ဓာကိုယ်လေးဟာလည်း ကောင်မလေးတွေကြွေနေရတဲ့အချက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်။

ငယ်စဉ်ကတည်းက ရုပ်ရှင်ဇာတ်ကားများတွင် ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ်နေရာယူထားသူ ယွန်းယွန်းကတော့ ဆယ်ကျော်သက်အချိန်ထိအောင် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေနဲ့ အနုပညာခရီးလမ်းကို လျှောက်လှမ်းနေသူလေးတစ်ဦးပါ။ သူမကတော့ယခုအချိန်မှာလည်းပရိသတ်တွေအံ့သြစေတဲ့အလှတွေနဲ့ချစ်နေရတာဖြစ်ပါတယ်။သူ့ရဲ့ပုံရိပ်တိုင်းကပရိသတ်တွေရဲ့အချစ်ကိုအပြည့်ရထားပြီးအားပေးသူအများအပြားနဲ့အောင်မြင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။  

အခုတစ်ခေါက်မှာလည်း ယွန်းယွန်းရဲ့Facebook myday လေးမှာပိုင်တံခွန်နဲ့အကတိုက်နေတဲ့ဗီဒီယိုလေးတစ်ခုကိုတင်ထားတာပါ။ သူတို့နှစ်ယောက်ရဲ့အကတိုက်နေပုံလေးဟာ ကြည့်ရှုသူပရိသတ်ကြီးကိုကြည်နူးစရာလေးဖြစ်စေမှာပါ။ ပိုင်တံခွန်ရဲ့လူမှုကွန်ာက်စာမျက်နှာမှာလည်း “ အကတိုက် ခဏခဏမှား ဆရာမရိုက် အိပ်ငိုက် ” ဆိုပြီးတင်ထားတာပဲ ဖြစ်ပြီးပရိသတ်ကြီးပါကြည့်ရှုနိုင်အောင်တင်ဆက်ပေးလိုက်ပါတယ်နော်။

Source- Yoon Yoon And Paing Takhon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။