ရန်ကုန်ယူနိုက်တက်အသင်းကတော့ဒီနှစ်ဘောလုံးရာသီမှာရလဒ်တွေဆိုးရွားနေတာကြောင့်နည်းပြအပြောင်းအလဲတွေတောင်ပြုလုပ်ခဲ့တာပါ။ပြည်တွင်းလိဒ်ပြိုင်ပွဲတွေအပြင်AFC CUPပြိုင်ပွဲမှာပါရလဒ်တွေဆိုးရွားခဲ့တာကြောင့်အုပ်စုအဆင့်ကနေပဲလှည့်ပြန်ခဲ့ရတာပါ။

ရန်ကုန်ယူနိုက်တက်အသင်းဟာAFC Cupပြိုင်ပွဲကနေလှည့်ပြန်ခဲ့ရပေမယ့်အကောင်းဆုံးစံချိန်တစ်ခုကိုတော့တင်နိုင်ခဲ့ပါတယ်။AFC Cupပြိုင်ပွဲရဲ့Team Of The Week မှာတော့မြန်မာ့လက်ရွေးစင်ဂိုးသမားရန်ကုန်ယူနိုက်တက်အသင်းရဲ့အကောင်းဆုံးဂိုးသမားကျော်ဇင်ထက်ကတော့အကောင်းဆုံးလူ၁၁လောက်စာရင်းမှာပါဝင်ခဲ့တာပါ။

သူကတော့အသင်းရန်ကုန်ယူနိုက်တက်အသင်းရဲ့AFC Cupပြိုင်ပွဲရောပြည်တွင်းပွဲတွေမှာပါသွင်းဂိုးတွေအများဆုံးမပေးရအောင်ကာကွယ်လက်စွမ်းပြခဲ့တဲ့သူပါ။နိုင်ငံအသင်းမှာလည်းမရှိမဖြစ်လက်စွမ်းပြပြီးပရိသတ်တွေရဲ့ချီးကျူးခြင်းကိုခံနေရတာဖြစ်ပါတယ်။ခုလိုလက်စွမ်းတွေကြောင့်AFC CUP Team Of The Week ရဲ့အကောင်းဆုံး၁၁ယောက်စာရင်းမှာပါဝင်ခဲ့တဲ့ကျော်ဇင်ထက်ရဲ့ပုံရိပ်လေးတွေကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ကပါတယ်။

Photo:Kyaw Zin Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။