Make Up Artist တစ်ဦးဖြစ်တဲ့ စည်သူဟိန်း (Asi) တစ်ယောက် ဒီကနေ့မှာပဲ တီးဘီပိုးဟာဦးနှောက်ထဲ ထိ ရောက်သွားတာမို့ အသက်ဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်။ အရည်အချင်းပြည့်ဝတဲ့ Make Up Artist တစ်ဦးဖြစ်ပြီး သူ့ရဲ့ Make Up လက်ရာတိုင်းဟာလည်း အတော်လေးလှပသေသပ်လွန်းပါတယ်။ ဒီလို တော်တဲ့ သူတွေ လောကကြီးထဲက ခပ်စောစောထွက်သွားတာလည်း တကယ်ကိုနှမြောစရာပါပဲ။

အစည်ဆုံးပါးမှုနဲ့ပက်သက်ပြီး သင်ဇာဝင့်ကျော်တစ်ယောက် "အစည်လေးရေ...အမတကယ်စိတ်မကောင်းဘူးကွယ်...ရောက်လေရာဘဝတိုင်းမှာဒီလိုအဖြစ်မျိုးနဲ့မကြုံရပါစေနဲ့နော်...အစည်လေးကောင်းရာမွန်ရာရောက်ပါစေ...အမနဲ့အလုပ်တွေအများကြီးအတူတွဲလုပ်ခဲ့တဲ့ အရမ်းတော်တဲ့မိတ်ကပ်ဆရာလေးကိုအမဘယ်တော့မှမေ့မှာမဟုတ်ပါဘူး " ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ဒီနောက်မှာလည်း နေခြည်ဦးက " Asi ရယ်။ နေခြည် မခံစားနိုင်ဘူး Rest in peace " ဆိုပြီး ဝမ်းနည်းကြောင်းလေး ရေးသားလိုက်ပါသေးတယ်။ 

ဘဝတူ မိတ်ကပ်ဖန်တီးရှင်ဖြစ်တဲ့ မထက်ကလည်း အစည်အတွက် ကောင်းမှုကုသိုလ် လုပ်ပေးခဲ့တဲ့ အလှူခံဖြတ်ပိုင်းပုံရိပ်လေးကို " မယုံနိုင်သေးဘူး ကိုယ်လုပ်နိုင်တာလေး လုပ်ပေးလိုက်တယ် ခလေးရေ.... မထင်ထားတာတွေအရမ်းဖြစ်တတ်တယ်နော် ကောင်းရာဘုံဘဝမှာ အေးချမ်းပါစေကွယ် အရမ်းးစောသေးတယ် မသွားသင့်သေးဘူး" ဆိုပြီး ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ ကောင်းရာဘုံဘဝမှာ အေးချမ်းပါစေ အစည်ရေ။

Photo - Si Thu Hein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။