ပရိသတ်တွေရဲ့အချစ်များစွာကို ရယူပိုင်ဆိုင်ထားတဲ့ အကယ်ဒမီမင်းသမီးချောအိန္ဒြာကျော်ဇင်ဟာဆိုရင် လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။အိန္ဒြာကျော်ဇင်ရဲ့အနုပညာသက်တမ်းကလည်း မနည်းတော့ပြီဖြစ်လို့ သူမရဲ့သရုပ်ဆောင်ချက်အိုင်တင်တွေကတော့ အပြစ်ပြောစရာမလိုအောင် အရမ်းကောင်းပါတယ်။ယခုချိန်ထိလည်း ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ နေရာယူနေဆဲဖြစ်ပြီး ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်က ဟိုးအရင်ကတည်းက ပြီးပြည့်စုံတဲ့အလှပိုင်ရှင်လေးဖြစ်ပြီး ချစ်စရာမျက်နှာလေးနဲ့အရမ်းလှတဲ့ခန္ဓာကိုယ်ကောက်ကြောင်းအလှက ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပါတယ်။ယနေ့ချိန်ထိလည်း အိန္ဒြာကျော်ဇင်က ကလေးနှစ်ယောက်အမေဖြစ်တာတောင် နုငယ်ပျိုမျစ်လှပနေဆဲ ဖြစ်ကာ ကျက်သရေရှိပြီး တင့်တယ်တဲ့အလှတွေကို ပိုင်ဆိုင်ထားဆဲ ဖြစ်လို့ ပရိသတ်တွေကတောင် သူမရဲ့အလှတွေကို ချီးကျူးကြရပါတယ်နော်။

အခုဆိုရင်တော့ အိန္ဒြာကျော်ဇင် ပါဝင်သရုပ်ဆောင်ထားတဲ့ ဟစ်တိုင် ရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်တွေက အရမ်းကြိုက်နှစ်သက်ကြပါတယ်။အိန္ဒြာကျော်ဇင်က ရန်ကုန်မှာလည်း ဒေါင်းနီအတွက် စာနယ်ဇင်းရှင်းလင်းပွဲနဲ့အမှတ်တရလက်မှတ်ရေးထိုးပွဲတွေကို တက်ရောက်ခဲ့ပြီး ပရိသတ်တွေနဲ ရင်းနှီးဖော်ရွေစွာ ဆက်ဆံခဲ့ပါတယ်။အခုဆိုရင်လည်း မန္တလေးက အူဝဲချစ်ပရိသတ်တွေက အူဝဲကို စောင့်ကြိုနေကာ အမှတ်တရလက်ဆောင်တွေပေးပြီး အူဝဲရဲ့အနီးကပ်မြင်ရတဲ့အလှပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။

Source:Eaindra Kyaw Zin Fans

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။