ပရိသတ်တွေရဲ့ချစ်ခင်အားပေးခြင်းကိုတစ်ခဲနက်ရရှိထားသူတွေကတော့ ခီမောင်နှံပဲ ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံဟာ “ ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကြီးမှတစ်ဆင့် ပရိသတ်တွေရဲ့ရင်ထိကိုထိုးဖောက်ဝင်ရောက်လာနိုင်သူတွေပါ။ ခီမောင်နှံဟာ သားလေးNoahနဲ့အတူ ပျော်ရွှင်သာယာတဲ့မိသားစုလေးကိုရရှိပိုင်ဆိုင်ထားပါတယ်။
ဒီလိုချစ်စရာကောင်းတဲ့မိသားစုလေးကတော့ လက်ရှိမှာ ကျိုက်ထီးရိုးဘုရားသို့ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ခရီးသွားပုံရိပ်တွေကိုလည်း ပရိသတ်တွေကိုမျှဝေထားတာပါ။ သားလေး Noah ဟာလည်း ဖေဖေ၊မေမေတို့နဲ့ခရီးအတူသွားရတဲ့အတွက် အရမ်းကိုပျော်ရွှင်နေတာပါ။
ဇာဏ်ခီရဲ့လူမှုကွန်ယက်စာမျက်နှာတွင်လည်း “ Cable car ride!! လုံးဝမိုက်တယ်။ ရသေ့တောင်ရောက်တော့ ကားပြန်စောင့်ရတာပဲမမိုက်တာ။
DOP - Zenn Kyi ” ဆိုပြီးဗီဒီယိုလေးတစ်ခုမျှဝေထားတာပါ။ ပရိသတ်ကြီးလည်း သူတို့ရဲ့အပျော်လေးတွေကိုမျှဝေခံစားနိုင်အောင်ဒီဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ပါတယ်နော်။
Source- Zenn Kyi
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။