ပရိသတ်ကြီးရေ အဆိုတော်သားဂန်းနဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ဘေဘီမောင်တို့ စုံတွဲလေးဟာဆိုရင် အရမ်းလိုက်ဖက်ညီတဲ့စုံတွဲလေးဖြစ်လို့ ပရိသတ်တွေက သဘောတူပြီးချစ်ကြပါတယ်။သူတို့စုံတွဲလေးက အနုပညာရှင်တွေဖြစ်ကြလို့ အနုပညာအလုပ်တွေကိုလည်း အတူတူတွဲပြီးလုပ်ကိုင်ကာ အပြန်အလှန် နားလည်မှုတွေ ကူညီဖေးမမှုတွေနဲ့ တည်ဆောက်ထားကြလို့ အေးချမ်းတဲ့အချစ်ရေးလေးပဲဖြစ်ပါတယ်နော်။

သားဂန်းကို ဘေဘီမောင်တို့မိသားစုက အရမ်းချစ်ကြပြီး သားအရင်းတစ်ယာက်လို ဆက်ဆံကြတာဖြစ်ပါတယ်။ဘေဘီမောင်တို့မိသားစုလေးကလည်း သားဂန်းကို နွေးထွေးမှုတွေ ပျော်ရွှင်မှုတွေပေးတာကြောင့် သားဂန်းအတွက် သာယာမှုတွေနဲ့ ပြည့်နှက်နေတာဖြစ်ပါတယ်။သားဂန်းက ဘေဘီမောင်တို့မိသားစုနဲ့အတူ ဘယ်သွားသွား အတူတူသွားလာပြီး ရင်နှီးဖော်ရွေစွာ နေတတ်သူပါနော်။ဘေဘီမောင်ကလည်း ချစ်သူကို အမလိုတစ်မျိုး ချစ်သူလိုတစ်သွယ်နဲ့ ဂရုစိုက်ဆုံးမပေးတဲ့သူပါ။

အခုဆိုရင်လည်း သားဂန်းက သူ့ရဲ့ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်တဲ့ ထားဝယ်မြို့မှာ ဘောလုံးကန်ရင်း ချစ်သူဘေဘီမောင်ကိုပါ အတူခေါ်လာပါတယ်။ဘေဘီမောင်ကလည်း ချစ်သူကို အားသစ်တစ်ရပ်တိုးလားအောင် အနားကနေပြီး ဂရုစိုက်ကြင်နာကာ တစ်ခဲနက်ကို အားပေးကြည့်ရှု့ခဲ့ပါတယ်။ချစ်သူနှစ်ဦးရဲ့ ကြည်နူးနေတဲ့ပုံရိပ်လေးတွေက မြင်သူတကာ အားကျရစေပါတယ်နော်။ပရိသတ်ကြီးအတွက် ဘေဘီမောင်နဲ့သားဂန်းတို့ရဲ့ ချစ်စရာပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရစေနော်။

Source:Thar Gan

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။