ပရိသတ်ကြီးရေ ချစ်စရာမင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားနေပြီဖြစ်ပါတယ်။သဉ္ဇာနွယ်ဝင်းက သူမနဲ့တူတဲ့ ချစ်စရာသားလေးတစ်ယောက်ကိုလည်း မွေးဖွားထားပြီဖြစ်လို့ မိသားစုအတွက်သာ အချိန်လုံလောက်စွာပေးရင်း အနုပညာအလုပ်တွေကို ရပ်နားထားခဲ့ပါတယ်။သဉ္ဇာနွယ်ဝင်းကို သူမရဲ့ချစ်ပရိသတ်တွေက အနုပညာအလုပ်တွေမလုပ်တော့ပေမယ့် ယနေ့တိုင်အားပေးချစ်ခင်နေဆဲ ဖြစ်ပါတယ်နော်။

သဉ္ဇာနွယ်ဝင်းကတော့ အနုပညာကိုဝါသနာပါပေမယ့် အခုဆိုရင်လည်း ဒုတိယကိုယ်ဝန်ကို လွယ်ထားနေရပြီဖြစ်ပါတယ်။သဉ္ဇာရဲ့ချစ်ခင်ပွန်းကလည်း ချစ်ဇနီးလေးကို အရမ်းချစ်ပြီး ကြင်နာယုယပေးကာ မျက်နှာလေးမညှိုးအောင်ထားတဲ့ ခင်ပွန်းကောင်းဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းကတော့ သားလေးကိုလည်း အခုအရွယ်ကတည်းကစပြီး လိမ္မာရေးခြားရှိပြီး ထူးချွန်ထက်မြက်တဲ့သားလေးဖြစ်အောင်ပြုစုပျိုးထောင်နေသလို ချစ်ခင်ပွန်းအပေါ်ကိုလည်း ဝတ္တရားကျေပြွန်တဲ့ ဇနီးကောင်းတစ်ယောက်ပါနော်။

သဉ္ဇာနွယ်ဝင်းကတော့ သားလေးတစ်ယောက်မွေးဖွားထားပြီး ဒုတိယကိုယ်ဝန်လွယ်ထားရတာတောင် အပျိုရှုံးအောင်လှပနေဆဲ ဖြစ်ပါတယ်နော်။ချစ်စရာကောင်းတဲ့မျက်နှာလေးကလည်း ချစ်စမွှေးပါလို့ လူချစ်လူခင်ပေါများစေပါတယ်။အခုဆိုရင်လည်း သဉ္ဇာနွယ်ဝင်းက ချစ်ခင်ပွန်းကို"pa pa I love you so much"ဆိုပြီး ချစ်စကားလေးဆိုထားပါတယ်နော်။ဇနီးမော်နှံနှစ်ယောက်ရဲ့ အပြန်အလှန်ကြင်နာယုယပုံလေးတွေက အားကျစရာကောင်းတာမို့ ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။

Source:Thinzar Nwewin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။