ပရိသတ်ကြီးရေ မြတ်ရတနာကျော်နှင့် အာဘွိုင်းတို့ဟာဆိုရင် မြင်သူတိုင်းအားကျရလောက်တဲ့ ဇနီးမောင်နှံပဲဖြစ်ပါတယ်..။ တစ်ယောက်နဲ့တစ်ယောက်ဟာ အရမ်းချစ်ကြပြီး မျက်စိအောက်က ပျောက်မခံနိုင်အောင်ပင် မြတ်နိုးတန်ဖိုးထားတာဖြစ်ပါတယ်...။ scarlett ဆိုတဲ့ ချစ်စရာသမီးလေးကိုလည်း ပိုင်ဆိုင်ထားပြီး နည်းစနစ်ကျကျနဲ့ ပြုစုပျိုးထောင်ပေးနေတာကို ပီတိဖြစ်ဖွယ် မြင်တွေ့ကြရမှာပါ..။

ရှမ်းတိုင်းရင်သူလေးဖြစ်တဲ့ မြတ်ရတနာကျော်ဟာ ပွင့်လင်းရိုးသားပြီး အနုပညာလောကမှာလည်း အောင်မြင်စွာ ရပ်တည်နေခဲ့တာဖြစ်ပါတယ်...။ သီချင်းဗီဒီယိုတွေမှာလည်းသရုပ်ဆောင်ထားပြီး ချစ်ဖို့ကောင်းတဲ့ အိုက်တင်တွေကိုမြင်တွေ့ကြရမှာပါ..။ အာဘွိုင်းဟာဆိုရင်တော့ သီချင်းအလန်းစာတွေကို သီဆိုခဲ့ပြီး လူငယ်ပရိသတ်တွေရဲ့ ရင်ထဲကို ထိုးဖောက်ဝင်ရောက်နေရာယူခဲ့တာဖြစ်ပါတယ်..။ အခုနောက်ပိုင်းမှာဆိုရင်တော့ မိဘလုပ်ငန်းကိုသာ ဦးစီးလုပ်ကိုင်နေပြီး ဇနီးနှင့် သမီးကို ကောင်းမွန်စွာ လုပ်ကျွေးစောင့်ရှောက်ပေးနေတာဖြစ်ပါတယ်..။

မြတ်ရတနာကျော်နှင့် အာဘွိုင်းတို့ဟာ ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် မိသားစု နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေးတွေကို ထုတ်ဖော်ပြသပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း ထိုင်းနိုင်ငံ၊ ဖူးခက် မြို့လေးသို့ရောက်ရှိနေပြီး အလန်းစား "Vlog" ဓာတ်ပုံတွေကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်...။ Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source Myat Yadanar Kyaw & Kyaw Phyo Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။