၂၀၁၈ခုနှစ် ဒီဇင်ဘာလမှာဆိုရင် Priyanka Chopra နဲ့ Nick Jonas တို့ဟာဆိုရင် India မှာ မင်္ဂလာဆောင်ကို ၃ခါ ဆောင်ခဲ့ကြပါတယ်။ ခုချိန်မှာတော့ အသက် ၂၆နှစ်ရှိပြီဖြစ်တဲ့ Nick နဲ့ ၃၆နှစ်ရှိပြီဖြစ်တဲ့ Chopra တို့ဟာဆိုရင် Cannes ရုပ်ရှင်ပွဲတော်ကို အတူတူတက်ရောက်လာခဲ့ကြပါတယ်။ ပထမတက်ရောက်ခဲ့တုန်းကဆိုရင် Chopra ဟာ ခင်ပွန်းဖြစ်သူ Nick မပါပဲ တက်ရောက်ခဲ့တာဖြစ်ပါတယ်။ အဲ့ပွဲတုန်းက တက်ရောက်ခဲ့ Chopra ရဲ့ဝတ်စုံဟာလဲ လှပသလို ခုတစ်ခါမှတက်ရောက်လာတဲ့သူတို့နှစ်ယောက်ရဲ ဝတ်စုံဟာလဲလှပနေပါတယ်။
တစ်ယောက်က အပြာနုရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး တစ်ယောက်ကတော့ အဖြူရောင်ကိုဝတ်ဆင်ထားတဲ့အတွက် တကယ်ကို လိုက်ဖက်နေပါတယ်။ လူတွေအားကျနှစ်သက်ကြတဲ့ စုံတွဲတွေထဲမှာဆိုရင်လဲ သူတို့နှစ်ယောက်ပါဝင်ပါတယ်။ သူတိ့ုနှစ်ယောက်ရဲ့လက်ထပ်ပွဲကလဲ ပရိသတ်တွေနဲ့လူတော်တော်များများရဲ့ပါးစပ်ထဲမှာ စွဲနေခဲ့ပါတယ်။ မိန်းကလေးတွေရဲ့အိမ်မက်ကို တကယ့်လက်တွေ့ဖော်လိုက်သလို ဖြစ်ခဲ့တဲ့အတွက်မိန်းကလေးတွေက ပိုအားကျခဲ့ပါတယ်။
ပရိသတ်ကြီးသိတဲ့အတိုင်း Priyanka Chopra ဟာဆိုရင် ကမ္ဘာကျော် Bollywood သရုပ်ေဆာင်တစ်ယောက်ပဲဖြစ်ကာ နောက်ပိုင်းမှာတော့ Hollywood ကားတွေထဲမှာပါ ပါဝင်လာခဲ့ပြီး Hollywood မင်းသမီးလို့တောင်ပြောလို့ရပါပြီ။ Nick Jonasဟာဆိုရင်လဲ လွန်ခဲ့တဲ့ ၁၀နှစ်တုန်းက Jonas Brothers ဆိုတဲ့သူတို့ညီအစ်ကို ၃ယောက်ပေါင်းဖွဲ့ခဲ့တဲ့ Bandကနေ အဆိုတော်ဘဝကိုစတင်ခဲ့ကာ နောက်ပိုင်းမှာတော့ အဖွဲ့ဟာကွဲခဲ့ပြီ Solo ဆိုခဲ့ကာအောင်မြင်မှုတွေရခဲ့တဲ့အဆိုတော်ပဲဖြစ်ပါတယ်။ ခုချိန်မှာတေ့ာ ကွဲသွားတဲ့အဖွဲ့ဖြစ်တဲ့ Jonas Brothers အဖွဲ့ဟာလဲ ပြန်လည်ပေါင်းစည်းသွားပါပြီ။
Source : Daily Mail Celebrity
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။