အာနိုး ဟာဆိုရင် တောင်အာဖရိကမှာကျင်းပတဲ့ အားကစားပွဲတော်တစ်ခုမှာ ပါဝင်နွှဲပျော်နေစဉ် အနောက်ကနေ လူတစ်ယောက် ကန်ချက်ကို ထိတ်လန့်စွာ ခံခဲ့ရပါတယ်။ Terminator မင်းသား ဟာဆိုရင် သူအဲ့လိုအကန်ခံရချိန်မှာ ကစားသမားတစ်ယောက်ကြိုးခုန်နေတဲ့ Videoကို Selfie ရိုက်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လဲ့ အသက် ၇၁နှစ်ရှိပြီဖြစ်တဲ့ မင်းသားကြီး အာနိုးဟာဆိုရင် ဘာမှမဖြစ်သလိုပဲ ပြန်လည်ထခဲ့ပါတယ်။ သူ့ကိုကြည့်ရတာ စိုးရိမ်စရာ မဖြစ်ခဲ့လောက်ဘူးထင်တယ်။ 

သူဟာသူရဲ့ Instagramမှာ " မင်းတို့ရဲ့စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်....ဒါပေမဲ့ အာ့နဲ့ပတ်သတ်ပြီး ဘာမှစိုးရိမ်စရာမရှိပါဘူး....ကျွန်တော်ကိုကျွန်တော် လူအုပ်တစ်အုပ်နဲ့ တိုက်မိတယ်လို့ပဲ ထင်ပါတယ်...ဒီဗီဒီယိုကို ပရိသတ်တွေမြင်သလို ကိုယ်လဲပြန်မြင်မိမှ အကန်ခံရတယ်ဆိုတာ သိတာပါ....ဒီအရူးက ကျွန်တော်ရဲ့ Snapchat ကိုဝင်မနှောက်ယှက်ခဲ့အတွက်လဲ ဝမ်းသာပါတယ် " ဆိုပြီး ဘာမှမဖြစ်သလိုအေးဆေးစွာရေးသားခဲ့ပါတယ်။ အာနိုးဗလနဲ့ ကြံ့ခံမှုကိုလဲ ပရိသတ်ကြီးသိကြတဲ့အတိုင်း သန်မာတယ်ဆိုတာကိုသိမှာပါ။ 

အာနိုးဟာဆိုရင်လဲ သူရဲ့နာမည်ကျော်ရုပ်ရှင်ကားတစ်ကားဖြစ်တဲ့ Terminator ဆိုတဲ့ကားကို ခုချိန်မှာပြန်ရိုက်ဖို့ အတည်ပြုခဲ့ပါတယ်။ Terminator ကားဟာလဲပရိသတ်တွေကြားမှာ အောင်မြင်မှုတော်တော်များမျာရခဲ့တဲကားဖြစ်ပြီး သူဟာဆိုရင်လဲ ၃ကားလောက်တာပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ခုချိန်မှာတော့ သူကိုယ်တိုင်ပြန်လည်ပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး သူအပြင် သူနဲ့အတူ ပထမကားမှာပါဝင်ခဲ့တဲ့ မင်းသမီးလဲ ပါဝင်မှာဖြစ်ပါတယ်။

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။