ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါမြန်မာဗီဒီယိုလောကရဲ့ မင်းသမီးချောလေးဖြစ်တဲ့ ဘေဘီမောင်ကိုသိကြမယ်ထင်ပါတယ်နော်။ ဘေဘီမောင်ဟာဆိုရင် မော်ဒယ်လ်သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ဖွံ့ဖွံ့ဖြိုးဖြိုးခန္ဓာကိုယ်နဲ့ ပုရိသတွေရဲ့ အသည်းစွဲ ဘာဘီရုပ်လေးတစ်ရုပ်လည်းဖြစ်ပါတယ်။ အရင်တုန်းက sexy ဆန်ဆန်ဝတ်လေ့ဝတ်ထရှိပင်မဲ့ အခုနောက်ပိုင်းမှာဆိုရင်တော့ မြန်မာဝတ်စုံလေးတွေကိုသာအမြတ်တနိုးနဲ့ဝင်ဆင်လာတာကိုတွေ့ရပြီး ရိုးရိုးယဉ်ယဉ်လှနေသူလေးတစ်ယောက်လည်းဖြစ်ပါတယ်။

အဆိုတော်သားဂန်းနဲ့အတူ သာယာအေးချမ်းတဲ့ ချစ်သူစုံတွဲဘဝလေးကို အနုပညာအလုပ်တွေလုပ်ရင်းလျှောက်လှမ်းနေတာဖြစ်ပါတယ်။ သားဂန်းဟာဆိုရင်လည်း သူမကို အရိပ်တကြည့်ကြည့်နဲ့ အလိုလိုက်အကြိုက်ဆောင်သူ တစ်ယောက်ဖြစ်တာမလို့ ပရိသတ်တွေကအားကျဝမ်းသာနေရတာဖြစ်ပါတယ်။ သူမအပေါ်နားလည် သိတက်တဲ့ ချစ်သူကိုပိုင်ဆိုင်ထားတာ ဘေဘီမောင်ဟာဆိုရင် မိဘကိုလုပ်ကျွေးပြုစုတဲ့ သမီးအလိမ္မာလေးတစ်ယောက်လည်းဖြစ်ပါတယ်။ သူမရဲ့ သာသာအေးချမ်းတဲ့မိသားစုဘဝကြီးကို ပိုင်ဆိုင်ထားတဲ့အတွက်ကြောင့် မြင်ရသူပရိသတ်တို့ရင်ထဲမှာလည်းတစ်ကယ့်ကို အေးချမ်းကြည်နူးမိမှာ အမှန်ပါပဲနော်။

ဘေဘီမောင်ဟာ ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း "ရွှေသဇင်ရေ အမြင့်ပန်းမို့ မင်းကဝင့်ဝါသလားကွယ်" ဆိုတဲ့ stauts လေးနဲ့တကွ အလှပုံရိပ်လေးတွေကို ထုတ်ဖော်ပြသထားပြီး Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source Baby Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။