ပရိသတ်ကြီးရေ သုံးထပ်ကွမ်းအကယ်ဒမီဆုရှင် ဖွေးဖွေးကတော့ အနုပညာအလုပ်တွေကို ယခုချိန်ထိလည်း တစ်စိုက်မက်မက်လုပ်ဆောင်နေပြီး ရုပ်ရှင်ကားများစွာကိုလည်း ဆက်လက်ရိုက်ကူးနေဆဲဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ အမူအရာလေးတွေနဲ့ ဖြူစင်တဲ့ အပြောအဆိုလေးတွေကြောင့် တကယ့်ကိုကလေးတစ်ယောက်လို ချစ်စရာကောင်းနေပါတယ်နော်။စိတ်သဘောထားလေးပြည့်ဝပြီး ဖြူစင်တဲ့ မင်းသမီးလေးဖြစ်လို့ လူချစ်လူခင်ပေါများပြီး ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းပါတယ်။

ဖွေးဖွေးက အခုဆိုရင် အသက်၃၀အရွယ်ကို ရောက်ရှိလာပေမယ့် နုဖတ်ပျိုမျစ်နေတဲ့ အလှတရားတွေက မကုန်ခမ်းသွားပါဘူးနော်။အခုဆိုရင် အရင်ကထက်ပိုလှလာပြီး ပိုပြီးလည်း ချစ်စရာကောင်းလာပါတယ်။ဖွေးက သူမရဲ့ ခန္ဓာကိုယ်ပြည့်ပြည့်လေးကို slim body လေးဖြစ်သွားအောင် Gymဆော့ပြီး ခန္ဓာကိုယ်လေးကို ထိန်းသိမ်းနေတာပဲဖြစ်ပါတယ်။ဖွေးကို ချစ်တဲ့ပရိသတ်တွေကတော့ ပိန်ပိန် ဝဝ ဘယ်လို့ဖြစ်ဖြစ် ဖွေးဖွေးကို ချစ်နေမှာပါပဲနော်။

အခုဆိုရင်လည်း ဖွေးဖွေးက ငယ်ကတည်းကခင်ရတဲ့သူငယ်ချင်း စာရေးဆရာမ မာရင်ရင်နဲ့အတူ Gym ကစားပြီးချိန်မှာတော့ Hot pot သွားစားကြပါတယ်နော်။Gymဆော့ပြီးပေမယ့် Hot pot ကိုစိတ်ကြိုက်စားနေတဲ့ ဖွေးပုံစံလေးကချစ်စရာလေးပါနော်။ပြင်ဆင်ချယ်သမှုမရှိဘဲ သဘာဝအလှလေးနဲ့တောင် အရမ်းလှပြီး မျက်နှာလေးက ကြည်လင်ရှင်းသန့်နေပါတယ်။ပရိသတ်ကြီးလည်း ဖွေးရဲ့ natural beautyအလှလေးနဲ့ ဟော့ပေါ့ကို စိတ်ကြိုက်စားနေတဲ့ပုံရိပ်လေးတွေကို ကြည့်ရှု့လိုက်ကြပါဦးနော်။

Source:Shwe YeeKo Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။