သရုပ်ဆောင်မယ်လိုဒီက ကလေးလေးထပ်လိုချင်ပါတယ်တဲ့ ။

" အစ်မ ကလေးလေး ထပ်လိုချင်ပါတယ်။ ကလေးမွေးရတာ ၊ ကိုယ်ဝန်ဆောင်ရတာ မခက်ပါဘူး။ ကိုယ်နဲ့မကွာ သူကရှိနေတာကိုး။

မွေးပြီးတဲ့အချိန်မှာ ကလေးတစ်ယောက် ကြီးပြင်းဖို့က အဓိက ကစိတ်ပိုင်းဆိုင်ရာရယ် ၊ ခန္ဒာကိုယ်ပိုင်းဆိုင်ရာရယ် အထိခိုက် ၊ ရှနာ မရှိအောင် ပြုစုရတာ အလွန်ခက်ပါတယ်။ အစ်မက စိတ်မြန်တယ်။ သားသား ကအရမ်းလိမ္မာပါတယ်။ ဒါပေမယ့်ကိုယ်ဖြစ်စေချင်တာလေးတွေရှိတာပေါ့။ သားသားရေ ဒီလိုလေးမလုပ်နဲ့ဆိုရင် အမျိုးသားက ပြောတယ် ၊ မေမေရယ် သားသားက ကလေးပဲ ရှိသေးတာ ဘယ်လိုလုပ်သိဦးမှာလဲ။ အဲ့လိုမျိုးလေးတွေပေါ့။ စိတ်လျော့ရတာရယ် သူ့ကိုကောင်းစေချင်တဲ့ စိတ်ပေမယ့် တစ်ခါတစ်လေကျ အစွန်းရောက် သွားမှာရယ် အဲ့ဒါတွေလည်းထိန်းရတယ်။ ကလေးကတော့ ဖြစ်နိုင်ရင် အများကြီးလိုချင်ပါတယ်။ ဒါပေမယ့် ဒီတစ်ယောက်လေးကိုပဲ လောလောဆယ်တော့ အကောင်းဆုံးဖြစ်အောင် သူပျော်ရွှင်အောင် ပြုစုပျိုးထောင်ချင်သေးတယ်ပေါ့နော်" လို့ ပြောထားပါတယ် ။

မယ်လိုဒီဟာဆိုရင် ခင်ပွန်းသည်နဲ့ အတူ သိဒ္ဓိစစ်ဆိုတဲ့ သားသားလေးကိုပိုင်ဆိုင်ထားပြီး ဧပြီလ ၃ ရက်နေ့မှာ ၂ နှစ်ပြည့်သွားခဲ့ပြီပဲဖြစ်ပါတယ် ။

Source : Myanmar celebrity and Melody

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။