ပရိသတ်တွေချစ်ခင်အားပေးကြတဲ့ Celebrity Couple တော်တော်များများမှာ စမိုင်းလ်တို့ဇနီးမောင်နှံက လည်းအပါအဝင်ပါပဲ။ အိမ်ထောင်သက် ၂၅ နှစ်ကျော် လာခဲ့ပြီး ချစ်စဖွယ်သမီးလေး နှစ်ယောက် ထွန်းကားတဲ့အချိန်ထိ တစ်ယောက်နဲ့ တစ်ယောက် ချစ်စခင်စ ကြင်နာစလိုပဲ နွေးထွေးတဲ့ အပြုအမူတွေ ချစ်ခင်တဲ့ စကားလုံး လေးတွေနဲ့ ကြင်နာဆဲ ယုယမြဲလို့ သာယာပျော်ရွှင်တဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထား ကြသူတွေပါပဲ။

နှစ်ယောက်တည်းဖြစ်စေ မိသားစုတွေနဲ့အတူဖြစ်စေ မကြာခဏဆိုသလို နိုင်ငံရပ်ခြားခရီး တွေလည်း ထွက်တတ်ကြပြီး အမြဲတမ်းအပျော်တွေကိုလည်း ပရိသတ်တွေထံ ဝေမျှတတ် သူတွေပါပဲ။ အလှူအတန်းဆိုလည်း လက်မနှေးပဲ လှူကြတာမို့ အားလုံးရဲ့အချစ် တွေကို ယနေ့ထက်တိုင် သိမ်းပိုက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ကလေးမွေးပြီး ခန္ဓာကိုယ် အလေးချိန် ပေါင် ၂၀၀ အထိတက်ခဲ့ ပေမယ့် လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပြီး လက်ရှိ မှာတော့ ကျစ်လျစ်သွယ်လျတဲ့ ခန္ဓာကိုယ်လှလှလေးကို ပိုင်ဆိုင်နေပြီပဲဖြစ်ပါ တယ်။

ချစ်သူဖြစ်တဲ့အချိန်ကစပြီး လက်ရှိကြည်နူးစရာမိသားစုဘဝလေးကို နှစ်တွေအကြာကြီး အတူတူ တည်ဆောက်လာကြလို့ ချစ်ခြင်းသံယောဇဉ်တွေအပြည့်ရှိနေတဲ့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ EDC Las Vegas ပွဲမှာ အပြတ်အသတ်ပျော်ရွှင်နေကြ တဲ့ ပုံရိပ်တွေကို ပရိသတ်ကြီးလည်း ထပ်တူကြည်နူူး ရအောင် တင်ဆက်ပေးလိုက်တယ် နော်။

Photo - စမိုင်းလ် Smile

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။