ချစ်ပရိတ်သတ်ကြီးရေ... အနုပညာလမ်းကြောင်းပေါ်မှာ တစ်ချိန်က ခြေလှမ်းတွေအရမ်းသွက်ခဲ့ပြီး ပရိတ်သတ်တွေရဲ့အားပေးမှုတွေကို များစွာသိမ်းပိုက်ထားနိုင်ခဲ့တဲ့ သရုပ်ဆောင်မင်းသမီးချောလေးဆုပန်ထွာကို အခုထိချစ်နေကြတုန်းပါပဲနော်။ သူမဟာ အိမ်ထောင်ကျပြီးသွားနောက်မှာတော့ အရင်လိုအနုပညာအလုပ်တွေသိပ်မလုပ်ဖြစ်တော့ပဲ အလှမ်းကွာခဲ့ရပါတယ်နော်။

လက်ရှိမှာသူမဟာ နားလည်မှုတွေအပြည့် ပျော်ရွှင်စရာတွေအပြည့်နဲ့တည်ဆောင်ထားတဲ့ သာယာအေးချမ်းတဲ့ အိမ်ထောင်ရေးလေးကိုပိုင်ဆိုင်ထားရပြီးတော့ သူမကိုအရမ်းအလိုလိုက်ပြီး အရမ်းချစ် အရမ်းဂရုစိုက်ပေးတဲ့ ချစ်ခင်ပွန်းနဲ့ သူမရဲ့အသက်တမျှချစ်ရတဲ့သားလေးRoar Roarလေးကိုပိုင်ဆိုင်ခွင့်ရထားသူလေးပါနော်။ အဲ့လို မိသားစုအတွက်အချိန်ပေးရ ဆိုင်အလုပ်တွေအတွက်လည်းအချိန်ပေးရ အချိန်မလောက်ဖြစ်နေခဲ့ပေမယ့် သူမဝါသနာပါတဲ့အနုပညာအလုပ်တွေကိုတော့ လုံးဝမစွန့်လွှတ်ခဲ့ပါဘူးနော်။

ဒါကြောင့် သူမဟာ သေလောက်အောင်ချစ်တယ်ဆိုတဲ့သီချင်းခွေလေးကို စိတ်ပန်းလူပန်းနဲ့ကြိုးစားပြီးတော့ ဖန်တီးခဲ့ပြီး ပရိတ်သတ်တွေရဲ့လက်ထဲကိုအရောက်ထည့်ပေးလိုက်ပါပြီနော်။ ဒီအခွေလေးရဲ့ လက်မှတ်ရေးထိုးပွဲကိုတော့ သူမက Happy Worldမှာပဲ သူမရဲ့ချစ်ပရိတ်သတ်တွေ အဆိုတော်တွေ အနုပညာရှင်တွေနဲ့အတူ စည်စည်ကားကားလေးကျင်းပခဲ့ပြီးတော့ သူမရဲ့ကြိုးစားမှုကိုအသိအှတ်ပြုတဲ့ ချစ်ပရိတ်သတ်တွေကြောင့် မျက်ရည်ကျလောက်အောင်ကို ပျော်ခဲ့ရပါတယ်နော်။ ကဲ... သူမအခွေလေးရဲ့ လက်မှတ်ရေးထိုးပွဲ အမှတ်တရပုံရိပ်လေးကိုချစ်ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Supan Htwar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။