လွန်ခဲ့သောနှစ်တွေတုန်းက ပရိသတ်အချစ်တော်လေးဖြစ်ခဲ့ဖူးတဲ့ ဇူးဇူးမောင် တစ်ယောက် လက်ရှိမှာတော့ အမေရိကန်နိုင်ငံမှာ အချေခြနေထိုင်ပြီး ကိုယ်ပိုင် စီးပွားရေးအဖြစ်နဲ့ အမေရိကန်ထုတ် ပစ္စည်းတွေကို Online Shop လုပ်နေတာပဲဖြစ်ပါ တယ်။ ခင်ပွန်းဖြစ်သူနဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ခဲ့ တာ အခုဆိုရင် ရှစ်နှစ်ပြည့်မြောက်ခဲ့ပြီပဲဖြစ်ပါတယ်။

ရှစ်နှစ်တာ ပျော်ရွှင်စရာခရီးလေးမှာ ချစ်စဖွယ်သမီးလေးကိုလည်း ပိုင်ဆိုင်ထား ပြီး ပျော်ရွှင်သာယာနေ တဲ့ သူမရဲ့ပုံစံလေးကိုမြင်ရတာ တကယ်ကိုအေးအေးချမ်းချမ်းပါပဲ။ အဒေါ်ဖြစ်သူ ထပ်ဆင့်အကယ်ဒမီ မေသန်းနုကတော့ အနုပညာအလုပ်တွေ ဆက်လုပ်နေ ဆဲဖြစ်ပြီး သူမကတော့ ကိုယ်ပိုင်စီးပွားရေးကိုပဲ ဦးစားပေးလုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ အန်တီဆင့်တစ်ယောက်လည်း US ရောက်တိုင်း တူမဆီကို အမြဲလိုလိုသွားလည်ခဲ့ကြပါ တယ်။

သူမတို့ရဲ့ကြည်နူးစရာ Anniversary ပုံရိပ်လေးတွေကို " 8th year Wedding Anniversary မှာ family အမှတ်တရလေးပါ " ဆိုပြီး လူမှုကွန်ယက်မှာဝေမျှလိုက်တာပဲ ဖြစ်ပါတယ်။ ပျော်စရာကောင်းတဲ့ မိသားစုရဲ့ကြည်နူးစရာအခိုက်အတန့်လေးတွေဖြစ်ပြီး ပရိသတ်ကြီးနဲ့လည်း အဆက်အသွယ်ပြတ်သလိုဖြစ်နေတဲ့ သရုပ်ဆောင်လေးရဲ့ ရွှင်မြူးစရာအခိုက်အတန့်လေးကို တင်ဆက်ပေးလိုက်တယ်နော်။

Photo - Ngu Wah Wah

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။