မိန်းမမြတ်အင်္ဂါရပ်တွေဖြစ်တဲ့ ကောင်းခြင်းငါးဖြာထဲမှာ ဆံပင်၏ကောင်းခြင်းဆိုတဲ့ အလှတရား တစ်ခုကို မခိုင်လေးတစ်ယောက် ပရိသတ်တွေကို ချပြလိုက်ပြီပဲဖြစ်ပါတယ်။ ခါးကျော်နေပြီဖြစ်တဲ့ သူမရဲ့ နက်မှောင်တဲ့ပိတုန်းရောင်ကေသာဟာ မြင်သူတိုင်းကို စိတ်ကြည်နူးစေခဲ့ပါတယ်။ အသက် လေးဆယ်ကျော်အရွယ် သမီးလေးတစ်ယောက်မိခင် ဆိုတာ မပြောရင်ဘယ်သူမမသိနိုင်လောက် အောင်ကို နုပျိုစွမ်းနိုင်သူပါပဲ။

ကိုယ်ပိုင်စီးပွားရေးတွေလည်း ထူထောင်ထားပြီး ဆယ်စုနှစ်ကျော်ကြာဖြတ်သန်းလာခဲ့တဲ့ အနုပညာ အလုပ်တွေကိုလည်း လစ်ဟင်းမှုမရှိပဲ ယနေ့ထက်တိုင် ပရိသတ်တွေကို ဖျော်ဖြေနေသူတစ်ယောက် ပါ။ သမီးဖြစ်သူကလည်း အမေ့ခြေရာနင်းမယ့် သွက်သွက် လက်လက် ဆယ်ကျော်သက်လေး တစ်ယောက်ဖြစ်ပြီး အမေနဲ့အတူ ဆင်တူဝတ်စုံလေး တွေဝတ်တိုင်း ညီမတွေလားလို့ ပရိသတ်တွေက ချစ်စနိုးနဲ့ အမြဲတမ်းစနောက်ခဲ့ကြပါတယ်။

ပိတုန်းရောင်ကေသာဆိုတဲ့စကားလေးအတိုင်း နက်မှောင်ရှည်လျားပြီး ဖြောင့်စင်းကာ လှပလွန်းနေတဲ့ သူမရဲ့ဆံနွယ်တွေကို ဖြန့်ခင်းချထားတဲ့ ပုံရိပ်လေးတွေဟာ မြန်မာအမျိုး သမီး တစ်ယောက်ရဲ့ ဆံနွယ်ကိုတန်ဖိုးထားပုံဟာ အတော်လေးပေါ်လွင်လို့နေပါတယ်။ အသက်ကြီးပေမယ့် ပျက်စီးတဲ့နေရာရယ်လို့ ရှာမတွေ့နိုင်အောင် လှပလွန်းတဲ့ မခိုင်လေးရဲ့ ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပြီနော်။

Photo - Khine Thin Kyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။