ခေးလေးလို့ ပရိသတ်တွေကချစ်စနိုးနဲ့ခေါ်ကြတဲ့ ယွန်းဝတီလွင်မိုးဟာကလေးဘဝကနေစုပီးဆယ်ကျော်သက်အရွယ်ရောက်တဲ့အချိန်ထိ အားလုံးရဲ့ချစ်ခင်အားပေးမှုကိုတစ်ခဲနက်ရရှိထားသူပါ။ အသက်ငယ်ငယ်လေးနဲ့အိမ်ထောင်ကျခဲ့သော်လည်း သူမရဲ့ထက်မြက်တဲ့လုပ်ဆောင်မှုတွေကြောင့်လည်း ပရိသတ်တွေကမချီးကျူးပဲမနေနိုင်အောင်ပါပဲ။ လက်ရှိမှာလည်း သားလေး Liam လေးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုရရှိပိုင်ဆိုင်ထားသူပါ။ 

သူမရဲ့သားလေးဟာလည်း ချစ်မွေးပါသူတစ်ယောက်ဖြစ်ပြီး မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုကိုမတောင်းဘဲပြည့်သူလေးပါ။ ဖေဖေနဲ့မေမေကသြစတေးလျမှာ ကျောင်းတက်နေရတာကြောင့်လည်း သားသားလေးကို ဖိုးဖိုး၊ဖွားဖွားတို့က တာဝန်ယူစောင့်ရှောက်နေတာပါ။ မကြာခင်မှာလည်း ခေးလေးတို့ဇနီးမောင်နှံဟာ မြန်မာနိုင်ငံကိုပြန်လာတော့မှာဖြစ်တဲ့အတွက် သူတို့မိသားစုပုံရိပ်လေးတွေကို ကြည့်ရှုရတော့မှာပါ။  

ဖွားဖွားမေသူဟာလည်း မြေးလေးရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကို လူမှုကွန်ယက်များတွင် ဝေမျှလေ့ရှိသူပါ။ အခုတစ်ခေါက်မှာလည်း မြေးလေးရဲ့ လှည်းလေးနဲ့လမ်းလျှောက်နေတဲ့ဗီဒီယိုလေးကို လူမှုကွန်ယက်စာမျက်နှာမှာဝေမျှထားတာပါ။ Liam လေးရဲ့လှုပ်ရှားမှုတိုင်းဟာလည်း အရမ်းကိုအသည်းယားစရာကောင်းပြီး ချစ်ဖို့ကောင်းလွန်းနေတာပါ။ ပရိသတ်ကြီးလည်း Liam လေးရဲ့ချစ်စရာကောင်းလွန်းတဲ့ဗီဒီယိုလေးကို ကြည့်ရှုအားပေးကြပါဦးနော်။

Source- May Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။