ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ မင်းသမီးနန္ဒာလှိုင်ဟာဆိုရင် ယခုအချိန်မှာ အနုပညာအလုပ်တွေကို ရပ်နားလိုက်ပေမယ့် ပရိသတ်တွေရဲ့ အချစ်များစွာကိုတော့ ပိုင်ဆိုင်ထားဆဲပါ။နန္ဒာလှိုင်က သူမရဲ့ ချစ်ရတဲ့မိသားစုနဲ့အတူတူ အေးချမ်းပျော်ရွှင်စွာ နေထိုင်နေတာပဲဖြစ်ပါတယ်။နန္ဒာလှိုင်တို့မိသားစုက အလှူအတန်းတွေဆိုလည်း သိန်းပေါင်းများစွာကို မကြာခဏလှူဒါန်းပြီး ကုသိုလ်ယူကြတာပါနော်။

နန္ဒာလှိုင်မှာ အရမ်းချစ်စရာကောင်းတဲ့ သမီး၃ယောက်ကိုလည်း ပိုင်ဆိုင်ထားလို့ နန္ဒာလှိုင်အတွက် သမီးတွေက အဖော်ဖြစ်ပါတယ်။ချစ်ခင်ပွန်းကလည်း နန္ဒာလှိုင်ကို အရမ်းချစ်ပြီး အလိုလိုက်အကြိုက်ဆောင်သူတစ်ယောက်ဖြစ်ပြီး လိုလေသေးမရှိအောင် ထားပေးတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပါနော်။ဇနီးမောင်နှံနှစ်ယောက်လုံးက မာန်မာနကင်းမဲ့ပြီး စိတ်သဘောထားဖြူစင်ကြလို့ လူချစ်လူခင်ပေါများပါတယ်နော်။

အခုဆိုရင်တော့ နန္ဒာလှိုင်ရဲ့သမီးတွေက အင်္ဂလိပ်သီချင်းတွေကို အသံထွက်မှန်မှန်သီဆိုနေပြီး သီချင်းတွေနဲ့အတူ ချစ်စရာကောင်းအောင်ကနေကြပါတယ်။နန္ဒာလှိုင်ကတော့ သမီးလေးတွေရဲ့ ဖျော်ဖြေမှုတွေကို ဗီဒီယိုရိုက်ရင်း သဘောတွေကျနေပါတယ်နော်။ချစ်စရာကောင်းတဲ့သမီးတွေက မေမေမပျင်းရအောင်လို့ အကမျိုးစုံကို ကပြနေတဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။ 

Source:Nandar Hlaing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။