မြန်မာဇာတ်လမ်းတွဲများကို စီစဉ်ရိုက်ကူးနေတဲ့ Forever BEC-Tero က ထိုင်း ဒါရိုက်တာနဲ့ မြန်မာဇာတ်လမ်းတွဲတစ်ခုကိုပူးပေါင်းရိုက်ကူးနေပါတယ် ။

ဇာတ်လမ်းတွဲအမည်ကတော့ "ဆုံဆည်းခြင်းရဲ့ မိုးတိမ်များ" ပါတဲ့ ။ ဒီဇာတ်လမ်းတွဲရဲ့ ဇာတ်လမ်းကျောရိုးဟာ ထိုင်းဇာတ်လမ်းကယူထားတာဖြစ်ပြီး

မြန်မာဇာတ်ညွှန်းရေးဆရာတွေက ဇာတ်ညွှန်းပြန်ရေးပေးထားပါတယ် ။ ဒီဇာတ်လမ်းကို ထိုင်းဒါရိုက်တာနဲ့ အတူမြန်မာဒါရိုက်တာတွေပါ ပူးပေါင်းပါဝင်ရိုက်ကူးမှာပါ ။ ဇာတ်လမ်းတွဲလေးမှာ ခေတ်နှစ်ခေတ်ရဲ့ ပုံရိပ်တွေကို ပူးတွဲမြင်ရမှာပါ ။ ဇာတ်လမ်းအကြောင်းအရာလေးက အတိတ်ဘဝက ဝဠ်ကြွေးတွေကို လက်ရှိဘဝမှာပြန်လည်ပေးဆပ်နေရတဲ့ သူတစ်ဦးက အတိတ်ဘဝက ချစ်သူနဲ့ ပြန်ဆုံဆည်းတဲ့ အခါ ...

ဒီဇာတ်လမ်းကို မင်းဦး ၊ ဦးဇော်ဦး ၊ ခိုင်နှင်းဝေ ၊ စည်သူဝင်း ၊ မေမြင့်မိုရ် ၊ အောင်ရေချမ်း ၊ ဇင်မျိုး ၊ သန်းသန်းစိုး ၊ စွမ်းထက် ၊ ဂျူးဂျူးကေ ၊ ခေးဆက်သွင်နှင့် အခြားအနုပညာရှင်များ ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ် ။

Source : Daily Eleven news 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။