ပရိသတ်ကြီးရေ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ နေမင်းကတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ပရိသတ်တွေရဲ့အချစ်များစွာကို ခံယူနေဆဲဖြစ်ပါတယ်။နေမင်းပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေကိုလည်း ပရိသတ်တွေကအားပေးကြပြီး နေမင်းရဲ့ တည်ငြိမ်တဲ့ စတိုင်လေးနဲ့ အေးချမ်းတဲ့အပြုံးလေးတွေကို ပရိသတ်တွေက ကြိုက်နှစ်သက်ကြပါတယ်နော်။

နေမင်းကတော့ လက်တလောမှာ လေယာဉ်မှူးကြီးမြတ်မိုးအောင်နဲ့အဖွဲ့သားတွေကို ဂုဏ်ပြုတဲ့ပွဲများကို သူငယ်ချင်းတွေနဲ့အတူတူ ဧည့်သည်အဖြစ်တက်ရောက်နေတာပဲဖြစ်ပါတယ်။19.5.2019 ညနေ နိုဗိုတယ်မှာ လေယာဉ်မှူးကြီးနဲ့အဖွဲ့သားတွေအတွက် ဂုဏ်ပြုပွဲကို နေမင်းကတော့ ဖျားနာနေတာကြောင့် မတတ်ရောက်နိုင်တော့တာဖြစ်ပါတယ်။နေမင်းလှူဒါန်းတဲ့ ၁ကျပ်သားရွှေဒင်္ဂါးလေးကိုလည်း လူကြုံနဲ့ပဲထည့်ပေးလိုက်တာဖြစ်ပါတယ်။

နေမင်းကတော့ "ကျွန်တော် နေမကောင်းဖြစ်ပြီဗျာခေါင်းတွေမူးနပြီး မထနိုင်တော့တဲ့အထိအောင်ဖြစ်ခဲ့ပြီ ဒီနေ့ညနေ နိုဗိုတယ်လေယာဉ်မှုးကြီးတို့အား ဂုဏ်ပြုပွဲကိုလည်းကျွန်တော်မရောက်နိုင်တော့ပြီ"ဆိုပြီး ရေးသားထားတာကိုတွေ့ရပါတယ်။ဂုဏ်ပြုပွဲအပြီးမှာတော့ လေယာဉ်မှူးကြီးနဲ့အဖွဲ့သားတွေအပြင် နေမင်းရဲ့ သူငယ်ချင်းမိတ်ဆွေတွေက လာရောက်သတင်းမေးကြတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Source:Nay Min

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။