အမေရိကန်မေဂျာလိဂ်ထိပ်သီးကလပ်အယ်အေဂလက်ဆီအသင်းတိုက်စစ်မှူးအီဘရာမိုဗစ်ချ်ကတော့နယူးယောက်စီးတီးအသင်းနဲ့ပွဲမှာဂိုးသမားကိုလည်ပင်းညှစ်ခဲ့လို့၂ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။အဆိုပါပွဲမှာနယူးယောက်စီးတီးအသင်းကိုအယ်အေဂလက်စီအသင်းက၂ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။

အဆိုပါပွဲမှာမိုဗစ်ကလည်းပွဲချိန်တောက်လျောက်ခြေစွမ်းပြကစားနိုင်ခဲ့တာဖြစ်ပါတယ်။အယ်အေဂလက်စီအသင်းရဲ့ကန်ချက်ကနယူးယောက်စီးတီးအသင်းရဲ့ဂိုးဘားထိပြီးပြန်ထွက်လာချိန်မှာဂိုးသမားရှောင်ဂျွန်ဆင်နဲ့မိုဗစ်တို့အချင်းများနေကြတာဖြစ်ပြီးမိုဗစ်အနားရှောင်ဂျွန်ဆင်ကပ်လာချိန်လည်ပင်းညှစ်ချလိုက်တဲ့အတွက်မြေပေါ်လူးလိမ့်သွားခဲ့တာပါ။

ဖြစ်စဉ်အချိန်မှာတော့မိုဗစ်ကိုကွင်းလယ်ဒိုင်ကအဝါကဒ်သာပြသခဲ့ပေမယ့်ဗီဒီယိုမှတ်တမ်းပြန်ကြည့်ချိန်မှာတော့ပြစ်မှုထင်ရှားတာကြောင့်နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။မိုဗစ်ကတော့မေဂျာလိဒ်မှာပရိသတ်ဝေဖန်မှုအများဆုံးခဲရတဲ့ကစားသမားဖြစ်ပြီးဧပြီလအကုန်တုန်းကလည်းရီးရဲဆောက်လိတ်အသင်းမှကစားသမားကိုမျက်နှာဖြတ်လိုက်ခဲ့တာကြောင့်ဝေဖန်မှုတွေလည်းရှိနေတာပါ။

SOURCE:New York City

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။