ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းကဆိုရင် ပရိသတ်တွေဟာ သူမရဲ့ ကျန်းမာရေးအခြေအနေနဲ့ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေရတဲ့ သူမကို စိုးရိမ်နေခဲ့ကြပါတယ်။ အဲ့လိုတွေကြောင့် ပရိသတ်တွေဟာ သူမရဲ့ လွတ်လပ်မှုအတွက် လမ်းမတွေပေါ်ထွက်ပြီး နှိုးဆော်ခဲ့ကြပါသေးတယ်။ Britney Spears ကလဲ ပရိသတ်တွေရဲ့ထောက်ပံမှုကြောင့် အဆင်ပြေသွားမှာလို့ပြောပြခဲ့ပါတယ်။ အဲ့လို ပရိသတ်တွေရဲ့ အားပေးရပ်တည်မှုကိုခံရတဲ့အတွက် သူမဟာ တနင်္ဂနွေနေ့က ပြုံးပျော်ရွှင်စွာ LA မြို့ပေါ်ကိုထွက်လာခဲ့ပါတယ်။ 

သူမထွက်ရှိလာတဲ့ ပုံစံကလဲ ပေါ့ပါးစွာပဲ ဝတ်ဆင်ကာ ထွက်ရှိလာတာဖြစ်ပြီး နွေရာသီအတွက် သင့်လျော်တဲ့ အဝတ်အစားပုံစံပဲဖြစ်ပါတယ်။ သူမရဲ့အသက်ဟာခုချိန်မှာ ၃၇နှစ်ရှိပြီဖြစ်ကာ ကလေးနှစ်ယောက်အမေဖြစ်ပါတယ်။ သောကြာနေ့တုန်းကလဲ သူမဟာ ချစ်သူကောင်လေးဖြစ်တဲ့ Sam Asghari နဲ့အလည်အပတ်ထွက်ခဲ့ပါသေးတယ်။ သူမလဲ ပြီးခဲ့တဲ့အချိန်တွေမှာတုန်းက စိတ်တွေအရမ်းဖိစီးကာ စိတ်ဓာတ်တွေကျနေခဲ့ပါတယ်။ ဒါပေမဲ့လဲ့ ခုချိန်မှာ ချစ်သူကောင်လေးနဲ့ ပရိသတ်တွေကြောင့် ပျော်ရွှင်နေပြီပဲဖြစ်ပါတယ်။  

ကောင်းလေးဖြစ်သူ Sam Asghari ဟာ အသက် ၂၅နှစ်ရှိပြီဖြစ်ကာ Fitness မော်ဒယ်တစ်ယောက်ဖြစ်ပြီး Personal Trainer ပဲဖြစ်ပါတယ်။ လက်တလောမှာတော့ သူမဟာ အဖေဖြစ်သူရဲ့ အုပ်ထိန်းမှုအောက်ကနေလွတ်ချင်နေပါပြီ။ ဘာလို့လဲဆိုတော့ သူရဲ့ ကျန်းမာရေးကိစ္စတွေမှာဝင်ပါပြီ တစ်ခါတစ်လေ သူမကို ဆေးတွေသုံးဖို့ အရမ်းကိုဖိအားပေးသောကြောင့်ဖြစ်ပါတယ်။ အာ့ကြောင့်လဲ သူမရဲ့ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေရတာဖြစ်ပါတယ်။ သူရဲ့မန်နေဂျာကလဲ သူစင်ပေါ်မှာ ဘယ်တော့မှ ပြန်မဖျော်ဖြေနိုင်ကြောင်းကို ပြောပြခဲ့ပါတယ်။

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။