"တာဝန်အရ"၊ "လက်ခံပြီးသား"၊ "ချစ်သေးရဲ့လား" အစရှိတဲ့ သီချင်းအေးလေးတွေကို သီဆိုခဲ့ပြီး ပရိသတ်တွေရင်ထဲမှာ ထင်ကျန်ရစ်နေခဲ့တာ အမှန်ပဲဖြစ်ပါတယ်..။ သိပ်မကြာသေးခင်က ထွက်ရှိထားတဲ့ "လွတ်လပ်ရေး" သီချင်းဗီဒီယိုဟာဆိုရင်လည်း social media လောကမှာ ကြည့်ရှုသူအများကြီးရှိခဲ့ပြီး အချိန်တိုအတွင်းမှာပဲ နာမည်ရလူကြိုက်များခဲ့တာဖြစ်ပါတယ်...။ ဝိုင်းလေးဟာ ခေတ်လူငယ်ဆန်ဆန် ပေါ့ပါးလွတ်လပ်စွာနေထိုင်တက်ပြီး ဖက်ရှင်အလန်းလေးတွေနဲ့ အမြဲလှပနေသူတစ်ယောက်ပါနော်...။

ဝိုင်းလေးရဲ့ သူငယ်ချင်းတွေဖြစ်ကြတဲ့ ခင်ဝင့်ဝါ၊ ဆိုဖီယာတို့နဲ့အတူ ပြည်တွင်း၊ ပြည်ပခရီးတွေထွက်လေ့ရှိတာဖြစ်ပါတယ်...။ အချစ်ရေးဟာ တည်ငြိမ်လှပြီး၊ single ဘဝနှင့် သူငယ်ချင်းတွေနဲ့အတူ ဘဝကိုအေးချမ်းသာယာစွာ ဖြတ်သန်းနေတာဖြစ်ပါတယ်...။ မိဘအပေါ်မှာလည်း သိတတ်လိမ္မာပြီး ရရှိလာတဲ့ အနုပညာကြေးလေးကို အလှူတန်းတွေအပြင်၊ ပရဟိတလုပ်ငန်းတွေကိုလည်း သဒါ္ဓတရား ပြည့်ဝစွာ လှူဒါန်းပါသေးတယ်..။ ငယ်စဉ်ဘဝကတည်းက စာကြိုးစားသူဖြစ်ပြီး ဆုများစွာကိုလည်း ချီးမြှင့်ခံခဲ့ရတာဖြစ်ပါတယ်...။ အနုပညာဘက်မှာလည်း ပါရမီပါတာကို မြင်တွေ့ရမှာပါ...။

ဝိုင်းလေးဟာ facebook စာမျက်နှာကိုအသုံးပြုလေ့ရှိပြီး Instagram စာမျက်နှာမှာလည်း active ဖြစ်သူတစ်ယောက်ပါနော်...။ fan တွေက များပြားလွန်းတဲ့အတွက်ကြောင့် facebook page ကိုလည်း ထပ်မံဖွင့်ထားပါသေးတယ်..။ ဝိုင်းလေးဟာ သူမရဲ့ လတ်တလောအခြေအနေ ကိစ္စတွေကို အမြဲအသိပေးလေ့ရှိတာဖြစ်ပါတယ်..။ သူမရဲ့ အလေးထား ဂရုပြုတတ်တဲ့ စိတ်ထားလေးကိုပရိသတ်တွေအနေနဲ့ ဂုဏ်ယူဝမ်းမြောက်စွာ ဆက်လက်အားပေးသွားရင်း အလှပုံရိပ်လေးတွေကို ကြည့်ရှုခံစားသွားကြပါဦးနော်...။

Source Wyne Lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။