ပရိသတ်ကြီးရေ.. ပြီးခဲ့တဲ့ မေလ(၁၂)ရက်နေ့က မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရန်ကုန်-မန္တလေးလေကြောင်းလိုင်း တစ်ခုဖြစ်တဲ့ MNA လေယာဉ် စက်ချို့ယွင်းမှုဖြစ်ခဲ့ပြီး ပရိသတ်တွေအတော်များများ အထိတ်တလန့်ဖြစ်ခဲ့ကြရပါတယ်..။

လေယာဉ်ရှေ့ဘီးချမရလို့ အရေးပေါ်ဆင်းသက်ခဲ့ရတာဖြစ်ပြီး ဆုံးဖြတ်ချက်မှန်ကန်ပြီး တော်လွန်းတဲ့ လေယာဉ်မှူးရဲ့ ဆုံးဖြတ်ချက်ကြောင့် ခရီးသည်တွေအားလုံး အသက်အန္တရာယ်ကင်းလွတ်ခဲ့တဲ့အတွက် လိုက်ပါသူခရီးသည်တွေကလည်း လေယာဉ်မှူးနဲ့အဖွဲ့ကို ပြန်လည်ဂုဏ်ပြုပေးခဲ့ကြပါတယ်..။


MNA လေယာဉ်မှာ လိုက်ပါလာတဲ့ ခရီးတွေ စုပေါင်းပြီး လေယာဉ်မှူးဦးမြတ်မိုးအောင်နဲ့ အဖွဲ့ကို ဂုဏ်ပြုပွဲလေး ပြုလုပ်ခဲ့ကြပြီး ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသားချော နေမင်းကလည်း တစ်ကျပ်သားရွှေဒင်္ဂါးပြားပေးအပ် ဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်..။

ခရီးသည်တွေ အားလုံး ဂုဏ်ပြုခဲ့ကြတဲ့ ဂုဏ်ပြုပွဲလေးမှာ အခြားခရီးသည်တွေနဲ့အတူ အနုပညာရှင်တွေဖြစ်ကြတဲ့ မင်းသားနေမင်း၊ စည်သူမောင်နဲ့ မုဏ်းတို့ကလည်း ဂုဏ်ပြုငွေများနဲ့အတူ အသီးသီး ပါဝင်ဂုဏ်ပြုပေးခဲ့ကြတာ တွေ့ရပါတယ်နော်..။


MNA လေယာဉ်ဖြစ်စဉ်မှာ ခရီးသည်များအားလုံး အန္တရာယ်ကင်းကင်းနဲ့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တဲ့ လေယာဉ်မှူး ဦးမြတ်မိုးအောင်နဲ့ လေယာဉ်အမှုထမ်း (၇) ဦးတို့ကို ဂုဏ်ပြုပွဲ အခမ်းအနားကို မေလ (၁၉) ရက်နေ့က ရန်ကုန်မြို့ Novotel ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်..။

ပရိသတ်တွေရဲ့ အသည်းကျော် သရုပ်ဆောင်မင်းသားချော နေမင်းကတော့ ဂုဏ်ပြုပွဲအခမ်းအနားနေ့လေးမှာပဲ ကျန်းမာရေးအခြေအနေကြောင့် ဂုဏ်ပြုပွဲလေးကို မတက်ရောက်ဖြစ်ခဲ့ပါဘူး..။

Photo - နေမင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။