သရုပ်ဆောင် မင်းသမီးချောလေး အိချောပိုကတော့ လက်ရှိမှာ " ရေသူမ " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပုံဖော်နေတာ ဖြစ်ပါတယ်။ ဒါရိုက်တာ ကျော်သူ စီစဉ်ရိုက်ကူးပြီး အလင်းရောင်၊ ထွန်းကိုကို နဲ့ အိချောပိုတို့ပါဝင်သရုပ်ဆောင်နေတဲ့ ဒီဇာတ်ကားကြီးက ပရိသတ်တွေရဲ့စိတ်ဝင်စားမှု အပြည့်အ၀ ရရှိထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ အိချောပိုက ရေသူမလေးတစ်ယောက်အဖြစ် သဘာဝကျကျ သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

ကျစ်လျစ်တောင့်တင်းတဲ့ Body အချိုးအစားနဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ ကောက်ကြောင်းအလှတွေကို ပိုင်ဆိုင်ထားတဲ့ အိချောပိုက ပုရိသတွေရဲ့အသည်းဘဝင်ကို ခိုက်ခိုက်တုန်အောင် ပြုစားနိုင်စွမ်းရှိသူလေး ဖြစ်ပါတယ်။ အခုလည်း အိချောပိုက မင်းသား အလင်းရောင်နဲ့အတူ ရိုက်ကူးနေတဲ့ "ရေသူမ" ဇာတ်ကားရဲ့ရိုက်ကွင်း ပုံရိပ်တစ်ချို့ကို တင်ပေးထားပါတယ်။ ရေသူမလေး စူစူနဲ့ အလင်းရောင်တို့က ကမ်းခြေမှာ ကြည်နူးသာယာနေကြတာ ဖြစ်ပါတယ်။

ရေသူမလေး စူစူက ကိုလူချောလေး အလင်းရောင်ကို စူးရှတောက်ပတဲ့ အချစ်မျက်ဝန်းလေးတွေနဲ့ ရုန်းမထွက်နိုင်အောင် ဖမ်းစားနေတာပဲ ဖြစ်ပါတယ်။ ကောက်ကြောင်းအလှတွေ ပေါ်လွင်ထင်ရှားနေတဲ့ အိချောပိုရဲ့အလှကလည်း နေရောင်အောက်မှာ ပိုလို့တောင် စွဲမက်ဖွယ်ကောင်းနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကမ်းခြေမှာ အရမ်းကို Romantic ဆန်နေတဲ့ အလင်းရောင်နဲ့ ရေသူမလေး အိချောပိုတို့ရဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Ei Chaw Po;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။