ပရိသတ်ကြီးရေ မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းကတော့ ယခုချိန်မှာ သားလေးတစ်ယောက်ကို မွေးဖွားထားပြီဖြစ်လို့ သာယာစိုပြေတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပါတယ်နော်။နန်းမြတ်ကို ပရိသတ်တွေက သူမရဲ့ ကြော်ငြာလေးတွေ ဗီဒီယိုလေးတွေကနေ စတင်အားပေးလာပြီး အခုချိန်မှာတော့ အနုပညာအလုပ်တွေ ခြေလှမ်းကျဲနေပေမယ့်လည်း အားပေးချစ်ခင်နေဆဲဖြစ်ပါတယ်နော်။

နန်းမြတ်ဖြိုးသင်းက အခုဆိုရင် တစ်သားမွေးတစ်သွေးလှဆိုသလို သားလေးမွေးဖွားပြီးချိန်မှာ ပိုပြီးတောင်နုပျိုလာပါတယ်နော်။ခင်ပွန်းဖြစ်သူကလည်း ချစ်ဇနီးကို သေချာဂရုစိုက်စောင့်ရှောက်ရင်း သားလေးကိုလည်း လက်ထဲကမချနိုင်လောက်အောင် အရမ်းချစ်နေတာဖြစ်ပါတယ်။မိသားစုဘဝလေးက သာယာအေးချမ်းလို့ မြင်ရသူတိုင်းအတွက် စိတ်ချမ်းသာစရာကောင်းပြီး အားကျစရာကောင်းပါတယ်နော်။

အခုဆိုရင်တော့ နန်းမြတ်က"အလှမပြင်ရတာကြာလို့ ပါးပါးလေးပုတ်လာလိုက်တယ် ဘယ်လိုလဲ အဆင်ပြေရဲ့လား"ဆိုပြီး မိတ်ကပ်ပါးပါးလေးနဲ့ အရမ်းလှလို့နေပါတယ်။နန်းမြတ်က ချစ်ရတဲ့ မိသားစုနဲ့အတူ ရွှေတိဂုံဘုရားသွားဖူးပြီး အေးချမ်းတဲ့အရပ်မှာ ကုသိုလ်တွေယူနေတာဖြစ်ပါတယ်။နန်းမြတ်နဲ့ သူမရဲ့ ချစ်ခင်ပွန်းတို့ရဲ့ အေးချမ်းကြည်လင်နေတဲ့ ပုံရိပ်လေးကို ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါရစေနော်။

Source:Nann Myat Phyo Thin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။