"မိန်းမချော" ဇာတ်ကောင်အဖြစ် ပရိသတ်တွေရဲ့ ရင်ထဲ တစ်ထောင့်တစ်နေရာမှာ အပြီးအပိုင်နေရာယူခဲ့တဲ့ မင်းသမီး သံသာမိုးသိမ့်ကို သိကြမယ်ထင်ပါတယ်နော်...။ သူမဟာဆိုရင် ချစ်ဖို့ကောင်းပြီး စိတ်ထားဖြူစင်သူတစ်ယောက်လည်းဖြစ်ပါတယ်...။ ဗီလင်ဇာတ်ရုပ်အဖြစ် ပရိသတ်တွေကြည့်ရှုခဲ့ကြတဲ့ သံသာမိုးသိမ့်ဟာ အပြင်လောကမှာ အေးချမ်းပြီး လူတိုင်းအပေါ် ပွင့်လင်းရိုးသားစွာ ပေါင်းသင်းဆက်ဆံတက်သူတစ်ယောက်ပါနော်...။ "ကျမက မဟေသီ" ဇာတ်ကားကဲ့သို့ ကောင်းမွန်သော "အချစ်ဖွဲ့လေညှင်း" ရုပ်သံဇာတ်လမ်းတွဲ ကိုလည်း ဆက်လက်ရိုက်ကူးနေတာဖြစ်ပါတယ်...။

သံသာမိုးသိမ့်ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting နှင့် ကြော်ငြာမဂ္ဂဇင်းတွေကို အများဆုံး လက်ခံရိုက်ကူးနေပြီ ဖြစ်ပါတယ်...။ ခရီးသွား ဝါသနာပါသူဖြစ်ပြီး ခရီးသွား မှတ်တမ်းပုံရိပ်တွေကိုလည်း အစဉ်အမြဲ ထုတ်ဖော်ပြသလေ့ရှိတာဖြစ်ပါတယ်...။ သံသာမိုးသိမ့်ဟာ ဖက်ရှင်အလန်းစားလေးတွေကိုဝတ်ဆင်လေ့ရှိပြီး မြန်မာဝတ်စုံလေးတွေနဲ့လည်း ရိုးယဉ်စွာ လှပနေသူတစ်ယောက်ပါနော်...။ ဘာသာတရား ကိုင်းရှိုင်းသူဖြစ်ပြီး ပရဟိတလုပ်ငန်းတွေကိုလည်း စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ကိုင်လေ့ရှိတာဖြစ်ပါတယ်...။

သံသာမိုးသိမ့်ဟာ ပရိသတ်ကြီးနဲ့ အဆက်အသွယ် မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း အမိုက်စား Tik tok ဗီဒီယိုဖိုင်လေးကို ပြုလုပ်ထားပြီး ပရိသတ်တွေကြည့်ရှုခံစားရအောင် သူမရဲ့ official facebook acc တွင်ထုတ်ဖော်ပြသထားတာဖြစ်ပါတယ်...။ Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Source Than Thar Moe Theint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။