မြန်မာနိုင်ငံမှာတော့အားကစားဆိုတာနဲ့ဘောလုံးအားကစားကိုသာပရိသတ်တွေကစိတ်ဝင်စားမှုအများဆုံးပဲဖြစ်ပါတယ်။ဒါမယ့်တစ်ခြားအားကစားနည်းတွေကနေအောင်မြင်မှုတွေများစွာရနေတယ်ဆိုတာကိုတော့ပရိသတ်တွေသတိထားမှုနည်းပါးနေတုန်းပဲဖြစ်ပါတယ်။အမျိုးမျိုးသောအားကစားနည်းတွေကနေခုမှာရွှေတံဆိပ်ဆုတွေနဲ့အောင်မြင်မှုတွေယူဆောင်လာပြီးနိုင်ငံ့ဂုဏ်ကိုဆောင်နေကြတာပါ။

ခုမှာလည်းကာယဗလပြိုင်ပွဲကနေမြန်မာနိုင်ငံအတွက်ရွှေတံဆိပ်ဆုတွေများစွာယူလာပြီးနိုင်ငံ့ဂုဏ်ကိုဆောင်နိုင်ခဲ့ပြန်ပါပြီ။16 th SEA Bodybuilding & Physique Sports Championship ပြိုင်ပွဲမှာတော့မြန်မာနိုင်ငံကိုယ်စားပြုအဖွဲ့ဟာ ရွှေတံဆိပ်ဆု စုစုပေါင်း ၉ ဆုအပြင်

အမျိုးသား အသင်းလိုက်တံခွန်စိုက်ဆု၊အမျိုးသမီး အသင်းလိုက် တံခွန်စိုက်ဆု နဲ့အသင်းလိုက် တံခွန်စိုက်ဆု တို့ကိုလည်းဆွတ်ခူးရရှိခဲ့ပါတယ် 

ခုလိုအာစီယံနိုင်ငံတွေကြားထဲမှာအောင်မြင်မှုတွေယူဆောင်ပေးနိုင်ခဲ့တဲ့မြန်မာကာယဗလအသင်းသားတွေကတော့ချီးကျူးဂုဏ်ပြုစရာပဲဖြစ်ပါတယ်။လူသိနည်းနေတဲ့အားကစားနည်းတွေကိုအကောင်းဆုံးကြိုးစားမှုတွေနဲ့အနိုင်ယူဆုတံဆိပ်တွေဆွတ်ခူးပြီးနိုင်ငံဂုဏ်ဆောင်ကာယဗလအဖွဲ့သားတွေကိုလည်းပရိသတ်တွေနဲ့ထပ်တူချီးကျူးဂုဏ်ပြုလိုက်ကပါတယ်။

SOURCE:Hnin Hnin Aye

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။