ရွှေပိုးတစ်ယောက် ပြီးခဲ့တဲ့ရက်ပိုင်းလောက်က Skinella Myanmar Launch party ကို တက်ရောက်ခဲ့စဉ်က ရိုက်ကူးထားတဲ့ Tik Tok Video လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ ပြည့်ပြည့်လေးနဲ့ အရမ်းကိုကြည့်ကောင်းပြီး လှသွေးကြွယ် လွန်းတဲ့ ပရိသတ်အချစ် တော်လေးကတော့ အသည်းယားအောင်အမျိုးမျိုးလုပ်နေတော့ တာပဲနော်။ အောင်မြင်စပြုနေပြီဖြစ်တဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပြီး သူမကိုချစ်ခင်တဲ့ ပရိသတ်တွေကလည်း တော်တော်များများပါပဲ။

အမြဲလိုလို Fan တွေနဲ့ တွေ့ဆုံကာ ကစားကွင်းသွားတာဖြစ်ဖြစ် အလှူပြုတာပဲဖြစ်ဖြစ် လုပ်တတ်ပြီး Fan တွေကို အမှတ်တရလက်ဆောင်တွေ လည်း ပေးတတ်ပါသေးတယ်။ ကျရာဇာတ်ရုပ်ကိုလည်း ပီပြင်အောင်သရုပ်ဖော်ခဲ့ပြီး သူမနောက်ဆုံးသရုပ်ဖော်ခဲ့တဲ့ စိတ်မနှံ့တဲ့အမျိုးသမီးလေး ဇာတ်ရုပ်ကတော့ ရွှေပိုးတော်တော်လေး ကြိုးကြိုးစားစား သရုပ်ဆောင်ခဲ့တာ အားလုံးမျက်မြင်ပါပဲ။

ရွှေရောင်တဖြတ်ဖြတ်ဝတ်စုံလေးကို လှလှပပကျော့ကျော့ရှင်းရှင်း ဆင်မြန်းပြီး ဆံပင်ပုံစံအသစ်လေးနဲ့ အရင်ကထက် ပိုပိုပြီး အလှတွေ ထူးထူးခြားခြားတောက်ပြောင်နေ တဲ့ သူမရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေက ရင်ခုန်သံတွေကို မြန်ဆန်သွားစေလောက်ပါရဲ့။ အချိန်တိုင်းမှာ ဆွဲဆောင်မှုတွေပြည့်နှက်နေပြီး အသည်းတယားယားနဲ့ ချစ်စဖို့ကောင်း လွန်းတဲ့ ရွှေပိုးရဲ့ Tik Tok လေးတွေကို တင်ဆက်ပေးလိုက်ပြီနော်။

Photo - Shwe Poe Eain

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။