ခုချိန်ထိတိုင်ပရိသတ်အခိုင်အမာနဲ့ချစ်ခင်အားပေးမှုတွေကိုအပြည့်ရထားတာကတော့မင်းသမီးချောလေးမိုးယုစံပဲဖြစ်ပါတယ်။ သူမဟာ သားလေးကိုအချိန်ပြည့်ဂရုစိုက်နေတာကြောင့်အနုပညာအလုပ်တွေကိုရံဖန်ရံခါမှသာလုပ်တော့သော်လည်း ပရိသတ်တွေကတော့ချစ်ခင်အားပေးနေဆဲပါ။ မိုးယုကတော့လက်ရှိအချိန်မှာချစ်စရာကောင်းတဲ့သားလေးနဲ့တူတူပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ 

သူတို့မိသားစုလေးတော့ပရိသတ်တွေသာမကအနုပညာရှင်အချင်းချင်းကပါအားကျနေရတဲ့မိသားစုလေးပဲဖြစ်ပါတယ်။သားလေးကလည်းငယ်ငယ်လေးနဲ့လိမ္မာရေးခြားရှိတာကြောင့်ပရိသတ်တွေကချစ်မဝတွေဖြစ်နေရတာပါ။မိုးယုစံကတော့သားလေးကိုအချိန်ပေးရတာကြောင့်အနုပညာအလုပ်တွေကိုအရင်ကလိုမလုပ်နိုင်တော့ပေမယ့်ကြော်ငြာလေးတွေကိုတော့ရိုက်ကူးရင်းပရိသတ်တွေကိုအကောင်းဆုံးဖျော်ဖြေတင်ဆက်ပေးနေတာဖြစ်ပါတယ်။

သူကတော့ချစ်ကတဲ့ပရိသတ်ကြီးအတွက်ပုံရိပ်တိုင်းကိုလူမှုကွန်ရက်ကနေတင်ပေးလေ့ရှိပြီးပရိသတ်တွေအားကျလောက်အောင်ကိုလှနေတုန်းပဲဖြစ်ပါတယ်။တစ်သားမွေးတစ်သွေးလှဆိုတဲ့အတိုင်းသူ့အလှတွေကပရိသတ်တွေကြားမှာအံ့သြချီးကျူးနေရတာပါ။ခုမှာလည်းမောင်လေးနဲ့တူတူကြော်ငြာရိုက်ကွင်းပေါ်ကပုံရိပ်လေးတွေကလည်းပရိသတ်တွေမိုးယုစံလားလို့တောင်ထင်မှားစေမှာဖြစ်ပါတယ်။ပိုရင့်ကျက်ပြီးလူကြီးဆန်လာတဲ့သူ့အလှတွေကိုလည်းပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ရပါတယ်နော်။

Photo - Nyein Ko 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။