တိုင်းတပါးသားနဲ့ မြန်မာနိုင်ငံသူလေးတို့ရဲ့ ကြည်နူးစရာအချစ်ဇာတ်လမ်းလေးကတော့ ပရိသတ်တွေ ကြားမှာ ရေပန်းစားခဲ့ပြီး လက်ရှိအချိန်ထိလည်း နှစ်ယောက်သားက အဆင်ပြေပြေ ပျော်ပျော်ရွှင်ရွှင် လက်တွဲနေကြတာပဲဖြစ်ပါတယ်။ နတ်ဖက်တဲ့ဖူးစာလို့ အများကဆိုကြပြီး တစ်ယောက်နဲ့တစ်ယေက် နားလည်မှု ယုံကြည်မှု ချစ်ခြင်း မေတ္တာတွေနဲ့ ချိတ်ဆက်ထားတာမို့ ဒီ Relationship လေးက ခိုင်မြဲသာယာနေတာပဲ ဖြစ်ပါတယ်။

နေထွက်ချိန်တွေမတူညီကြတဲ့ နိုင်ငံနှစ်ခုက လူနှစ်ဦးရဲ့ ထူးခြားတဲ့ဆုံတွေ့မှုလေးက အများကြားမှာ ပြောစမှတ်ဖြစ်စေတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ ဂျာမဏီနိုင်ငံ နဲ့ မြန်မာနိုင်ငံဆိုတာ မိုင်တွေ အများကြီးခြားနားပြီး လွယ်လွယ်ကူကူဆုံစည်းဖို့ မဖြစ်နိုင်တဲ့ အခြေအနေတွေ အများကြီးပါပဲ။ သို့ပေမယ့် Mikis Weber နဲ့ စုစုဝေတို့ကတော့ ဖူးစာပါလို့ တိုက်တိုက်ဆိုင်ဆိုင်ဆုံစည်းခဲ့တယ်လို့ ဆိုရမလိုပါပဲ။ နှစ်ယောက်သားရဲ့ အချစ် ဇာတ်လမ်းလေဟာ ရိုးရှင်းစွာနဲ့စတင်ခဲ့ပြီး ကြည်နူးစရာတွေနဲ့ ရှေ့ဆက်နေဆဲပါ။

နှစ်ယောက်အတူ ပိတ်ရက်မှာအတူတူပျော်ပျော်ရွှင်ရွှင်နဲ့ အနားယူနေကြတဲ့ ကြည်နူး စရာပုံရိပ်လေး တွေကို Mikis Weber တစ်ယောက် လူမှုကွန်ယက်ထက်မှာ ဝေမျှ လိုက်တာပဲဖြစ်ပါတယ်။ နှစ်ယောက်အတူတူ အမြဲမခွဲရှိနေတတ်ပြီး တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် Support ပေးတတ်တဲ့ ချစ်စရာဒီစုံတွဲလေးရဲ့ ဇာတ်ပေါင်း ခန်းကို အားလုံးကလည်း မျှော်လင့်နေကြပါပြီနော်။

Photo - Mikis Weber

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။