ပရိသတ်ကြီးရေ.. အနုပညာလောကမှာ မြန်မာနိုင်ငံရဲ့ နာမည်ကျော် Beauty Blogger တစ်ဦးအဖြစ်ရော သရုပ်ဆောင်တစ်ဦးအဖြစ်ပါ ရပ်တည်နေတဲ့ ပြည်သူ့အသည်းကျော်လေးကတော့ ချီချီလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ နေခြည်ဦးပဲ ဖြစ်ပါတယ်နော်..။

အမြဲတက်ကြွလန်းဆန်းနေတဲ့ အသည်းကျော်လေး ချီချီကတော့ စမတ်ကျကျလေးနဲ့ ပရိသတ်တွေရဲ့ အမြင်အာရုံတွေကို ညို့ယူဖမ်းစားထားပြီး ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းလွန်းတဲ့ ဟန်ပန်လေးတွေနဲ့ ပရိသတ်တွေကို အချစ်ပိုစေသူလေးပါ..။


အနုပညာလုပ်တွေဆက်တိုက်လုပ်ဆောင်နေတဲ့ ချီချီလေးကတော့ အခမ်းအနားပွဲ တော်တော်များများကိုလည်း တက်ရောက်ဖြစ်နေပြီး ပြီးခဲ့တဲ့ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ ViVo ရဲ့ အခမ်းအနားပွဲလေးကိုလည်း ချစ်စရာကောင်းစွာ တက်ရောက်ခဲ့တာ တွေ့ရပါတယ်..။

အခမ်းအနားပွဲတက်ရင်း ပရိသတ်တွေနဲ့အတူ ပျော်ရွှင်စရာ အချိန်လေးတွေ ဖန်တီးခဲ့ပြီး ပရိသတ်တွေနဲ့ ဂိမ်းကစား မဲတွေဖောက်ရင်း ပျော်ရွှင်စရာကောင်းလွန်းတဲ့ အမှတ်တရတွေကတော့ အပြည့်ပါပဲတဲ့နော်..။


ပျော်ပျော်ရွှင်ရွှင်ဂိမ်းကစားခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေနဲ့ ပွဲတက်ပုံရိပ်လေးတွေကိုလည်း ချီချီလေးက ပရိသတ်တွေကို ပြန်လည်မျှဝေထားတာမို့ ဟန်ဆောင်မှုကင်းတဲ့ ချီချီလေးရဲ့ အပြုံးလေးတွေကတော့ ပရိတသေ်တွကို တကယ်ပဲ အပျော်လေးတွေ ကူးစက်စေပါတယ်နော်..။

ပရိသတ်တွေရဲ့ အသည်းကျော်လေး ချီချီကတော့ vivo V15 Blossom Pink make-up contestant လေးရဲ့ Awarding Ceremony ပွဲလေးကို တက်ရောက်ခဲ့တာဖြစ်ပြီး ကြည်နူးပျော်ရအင်စရာ အမှတ်တရလေးတွေကလည်း ချီလီလေးတွေအတွက် ပျော်ရွှင်စရာကောင်းလွန်းနေမှာပါနော်..။


Photo - နေခြည်ဦး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။