ကြက်ကြော်ကို ကမ္ဘာတစ်ဝှမ်းအပြင် ကျွန်တော်တို့နိုင်ငံက လူတော်တော်များများပါ ကြိုက်ကြပါတယ်။ ဒါပေမယ့် အခု မြင်တွေ့နေရတဲ့ ကြက်ကြော်ကတော့ သာမန်ကြက်ကြော်တွေထက်ကို အရသာရော ပုံစံကပါ ထူးခြားလွန်းနေပါတယ်။ ဘယ်လိုထူးဆန်းလဲဆိုရင် ကြက်ကြော် တစ်ခုလုံးကို ရွှေနဲ့ ရောပီး ကြော်လှော်ထားလို့ပဲ ဖြစ်ပါတယ်။ စားတဲ့အခါမှာမှာလည်း အာ့ရွှေတွေကိုပါ စားလို့ရပြီး ကြက်အတောင်ပံတစ်ပန်းကန်ကို ဒေါ်လာ ၁၀၀၀ ကျသင့်မှာပဲ ဖြစ်ပါတယ်။  

မက္ကစီကို ရိုးရာမုန့်တစ်ခု ဖြစ်တဲ့ တာကိုစ့်ဟာ ဒီဘက်နိုင်ငံတွေမှာ သိပ်မရှိပေမယ့်လည်း ဥရောပနဲ့ အမေရိကတစ်ဝှမ်းမှာတော့ အတော်လေးလူကြိုက်များတဲ့ အစားအစာတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အခုဖော်ပြထားတဲ့ တာကိုစ့်ကတော့ အထဲမှာ တစ်ကယ့်ရွှေရောင် သစ်ရွက်တွေ အပြင်မြေအောင်းမှိုနဲ့ ပန်းပွင့်အချို့ပါ ပါဝင်ပေးထားပြီး အကုန်လုံးကိုစားလို့ရပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၃၀၀၀ နီးပါးရှိပါတယ်။  

ရိုးရာအစားအစာ မဟုတ်ပေမယ့်လည်း တော်ဝင်ပီဇာလို့ ခေါ်တဲ့ အစားအစာ တစ်ခုကတော့ ဒူဘိုင်းနိုင်ငံမှာ ရှိပါတယ်။ တော်ဝင် ပီဇာလို့နာမည်ပေးထားတဲ့ အတိုင်း မုန့်ထဲမှာ ပါဝင်တဲ့ ပစ္စည်းတွေကည်း အတော်လေးကို ထူးဆန်းပြီး ဈေးကြီးလွန်းလှပါတယ်။ ပီဇာလုပ်တဲ့ ဂျုံမှုန့်ကို ရွှေနဲ့ ရောနှောထားကာ အပေးယံမှာတော့ တန်ဖိုးကြီးမားတဲ့ ငါးဥဆားနယ်ကို ထည့်သွင်းပေးထားတာကြောင့် တစ်ခုကို ဒေါ်လာနှစ်သိန်း ကျော်တန်ကြေး ရှိပါတယ်။ 

Source : Brainberries

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။