ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ အမျိုးသားတစ်ဦးဟာ ဖုန်းအလွန်အကျွန်ခေါ်ဆိုခဲ့မှုကြောင့် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

၎င်းအမျိုးသားကတော့ အသက် ၃၉နှစ်အရွယ် ဂျက်စီဘာနာ ဝဲလ်တန် ဖြစ်ပြီး သူဟာ ဆောက်သင်တန်မှာရှိတဲ့ ဘားတခုမှာ သောက်စားအပြီး အဖမ်းခံခဲ့ရတာပဲဖြစ်ပါတယ်။

ဘာ့ကြောင့်လဲဆိုရင် ၎င်းအမျိုးသားဟာ ဘားပိတ်ချိန်မှာတောင် အိမ်ပြန်ဖို့ ငြင်းဆန်နေခဲ့တာကြောင့် ပြောမရတဲ့အဆုံး ဘားတာဝန်ခံဟာ သက်ဆိုင်ရာကို အကြောင်းကြားခဲ့ရပါတော့တယ်။

အဲ့ဒီနောက်မှာတော့ တာဝန်ရှိသူတွေဟာ ၎င်းဘားကိုရောက်ရှိလာပြီး ဝဲလ်တန်ကို အိမ်ပြန်လိုက်ပို့ဖို့ ကားပေါ်တင်ပြီး ခေါ်ဆောင်သွားခဲ့ကြပါတယ်။

အဲ့အချိန်မှာတောင် ဝဲလ်တန်ဟာ ကားနောက်ခန်းထဲကနေပြီး ၉၁၁ ကိုအဆက်မပြတ်ဖုန်းခေါ်ဆိုပြီး ရဲတပ်ဖွဲ့ကို အနှောက်အယှက်ပေးခဲ့ပါတယ်။

ဒီလုပ်ရပ်ကို ကားပေါ်ကရဲတွေ သတိထားမိသွားလို့ အောက်ဆင်းဖို့ ပြောခဲ့တဲ့အချိန်မှာဆိုရင်လည်း ဝဲလ်တန်ဟာ ရဲတွေကို ပြန်လည်ရန်လုပ်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေဟာ သူ့ကို အင်အားသုံးပြီး ဖမ်းဆီးခဲ့ရကြပါတယ်။

အဲ့ဒီနောက်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေဟာ

အိမ်အေးဆေးပြန်လိုက်သွားရင်ရနေပါရက်နဲ့ မူးပြီးရမ်းနေတဲ့ ဝဲလ်တန်ကို ရဲတပ်ဖွဲ့ဝင်တဦးကို နှောင့်ယှက်ခြင်း၊ ၉၁၁ ဖုန်းလိုင်းကို အနှောင့်အယှက်ပေးခြင်း စတာတွေနဲ့ တရားစွဲဆိုခဲ့တယ်။

ဒါ့ကြောင့် ပရိသတ်တွေလည်း ဒီဖြစ်ရပ်လေးကို နမူနာယူပြီး မူးရင်မရမ်းကြဖို့ သတိပေးပြောကြားလိုက်ပရစေ။

မူးပြီး ရဲတပ်ဖွဲ့ဝင်တွေကို သွားရမ်းတဲ့ ဝဲလ်တန်ကတော့ အခုဆိုရင် နောင်တအကြီးအကြယ်ရစေမယ့် ဖြစ်ရပ်ဆိုးကြီးနဲ့ ကြုံတွေ့သွားရပြီနော်။ 

SOURCE - FOXNEWS

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။