ရလဒ်တွေဆိုးရွားမှုတွေနဲ့တူတူချန်ပီယံလိဒ်ဝင်ခွင့်အတွက်ပါဆုံးရှုံးခဲ့ရတဲ့မန်ယူအသင်းကတော့သူတို့နည်းပြဆိုးလ်ရှားနေရာမှာဂျူဗင်တပ်နည်းပြအယ်လီဂရီကိုခန့်အပ်ဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။မန်ယူအသင်းဟာဒီနှစ်ဘောလုံးရာသီမှာနည်းပြနဲ့ကစားသမားတွေကြားမှာနားလည်မှုတွေလွဲခဲ့ပြီးရလဒ်တွေဆိုးရွားနေခဲ့တာဖြစ်ပါတယ်။

အသင်းရဲ့အဓိကကစားသမားတွေဖြစ်တဲ့ပေါ့ဘာ၊ဒီဂီယာစတဲ့ကစားသမားတွေကတော့အသင်းကနေပြောင်းရွေ့ဖို့လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ဒါကြောင့်မန်ယူကစားသမားတွေဟာစိတ်ဓာတ်တွေကျနေပြီလို့ပရိသတ်တွေကသုံးသပ်နေကြတာပါ။အသင်းကိုပြန်လည်တည်ဆောက်ဖို့အတွက်ကစားချင်စိတ်မရှိတဲ့ကစားသမားတစ်ဝက်လောက်ကိုလည်းရောင်းထုတ်ဖို့ဆိုးလ်ရှားကအလိုရှိနေတာပါ။

ပရိသတ်တွေကလည်းဆိုးလ်းရှားကိုဆက်ရှိဖို့လိုလားပေမယ့်ဂျူဗင်တပ်အသင်းကို၅နှစ်ဆက်တိုက်ချန်ပီယံဆုရအောင်စွမ်းဆောင်ပေးနိုင်တဲ့အယ်လီဂရီကိုမန်ယူနည်းပြအဖြစ်တွေ့လိုချင်တာဖြစ်ပါတယ်။ခုလက်ရှိမှာလည်းအယ်လီဂရီကဂျုဗင်တပ်အသင်းကနေထွက်ခွာမှာဖြစ်တာကြောင့်ပရီးမီးယားလိဒ်အသင်းတွေကပစ်မှတ်ထားနေတာကြောင့်မန်ယူနည်းပြအဖြစ်တွေ့ဖို့ရှိနေတာပါ။

SOURCE:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။