ချစ်ပရိတ်သတ်ကြီးရေ.... လူငယ်ကြိုက်စတူဒီယိုတေးသံရှင်လေးတွေဖြစ်ကြတဲ့ အဆိုတော်ထက်ယံနဲ့ သားသားတို့ဟာ ပရိတ်သတ်တွေရဲ့အားပေးမှုကိုခိုင်ခိုင်မာမာရရှိထားတဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲအဆိုတော်ကောင်လေးတွပဲဖြစ်ပါတယ်နော်။ နှစ်ယောက်စလုံးဟာ မြန်မာနိုင်ငံမှာအောင်မြင်နေတဲ့ လူငယ်အဆိုတော်တွေလည်းဖြစ်ပြီးတော့ တီထွင်ဖန်တီးမှုလည်း အရမ်းကောင်းပါတယ်နော်။

ထွက်သမျှသီချင်းလေးတွေတိုင်းဟာ ပုံစံဆန်းဆန်းလေးတွေနဲ့ သူမတူအောင်ထူးခြားလွန်းတာကြောင့်လည်း ပရိတ်သတ်တွေရဲ့ ပါးစပ်ဖျားမှာစွဲပြီး ရေပန်းစားနေခဲ့ရပါတယ်နော်။ သားသားက မိန်းမနိုင်နည်းဆိုတဲ့ အခွေသစ်လေးတစ်ခွေထွက်ရှိထားခဲ့ပြီးတော့ ထက်ယံကတော့ ရှေ့မှီနောက်မှီဆိုတဲ့ တေးအယ်လ်ဘမ်အသစ်လေးကို မကြာသေးခင်ကမှထွက်ရှိထားခဲ့ပါတယ်နော်။

အခုတစ်ခါမှာတော့ " (၂၀) ကျော်ရည်းစားစာ" ဆိုတဲ့ အမိုက်စားသီချင်းအသစ်လေးကိုနှစ်ယောက်သားပေါင်းပြီးဖန်တီးခဲ့ပါတယ်နော်။ ညီမလေးတွေကိုကြိတ်crushနေတဲ့ ကိုကိုတွေအတွက် လုံးဝ feelလို့ကောင်းတဲ့အမိုက်စားသီချင်းလေးလည်းဖြစ်တဲ့အတွက် အရမ်းကိုပေါ်ပြူလာဖြစ်ပြီးပေါက်နေတဲ့သီချင်းလေးဖြစ်နေခဲ့ပါတယ်နော်။ ဒီသီချင်းလေးရဲ့ Music Videoလေးဟာဆိုရင်လည်း အခုဆို အသစ်သက်စက်ကလေးထွက်ရှိလာခဲ့ပါပြီနော်။ လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါးလေးနဲ့ရိုက်ကူးထားတာလေးလည်းဖြစ်တဲ့အတွက် လက်တွေနဲ့တိုက်ဆိုင်ပြီးတော့ ကြည့်ရှုတဲ့ပရိတ်သတ်တွေများပြားခဲ့ပါတယ်နော်။ကဲ...ဒီMVအသစ်လေးကို ချစ်ပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Source : Thar Thar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။