ပြည်တွင်း လေပြင်းတိုက်ခတ်မှုတွေနဲ့ မိုးရွာသွန်းမှုဆိုးရွားခြင်းတွေကြောင့် ထိခိုက်မှုတွေနဲ့အတူ ပျက်ဆီးဆုံးရှုံးမှုတွေလည်း များစွာရှိခဲ့ကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်တွင် မေလ(၁၈) ရက်နေ့ ညနေက မိုးရွာသွန်းပြီး လေပြင်းများတိုက်ခတ်ခဲ့ခြင်းကြောင့် မြို့နယ်အတွင်း လူနေအိမ် အဆောက်အဦများ ပျက်စီးခြင်းများစွာဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ဖြစ်ပွားမှုတွေအတွက် ကယ်ဆယ်ရေး ပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်ပွဲကို မကေန့က ညနေ ၄ နာရီခွဲတွင် ရမည်းသင်း မြို့နယ် မြို့လှကျေးရွာ (မြို့လှ)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ရမည်းသင်းမြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့ခြင်းကြောင်း ကုလားမျောကျေးရွာမှ ဘုန်းတော်ကြီးကျောင်း အမိုးလန်ပျက်စီးခြင်းနှင့် ကျေးရွာအုပ်စု(၇)အုပ်စုမှ ကျေးရွာပေါင်း(၁၂)ရွာတွင် လူနေအိမ်(၂၄)လုံး၊ ပျက်စီးခြင်းတို့အတွက် မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဝန်ကြီးဌာနမှ ထောက်ပံ့ ပေးအပ်သည့် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုးပါ ပုံး(၂၄)ပုံးနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ လေပြင်းတိုက်ခတ်ခြင်းကြောင့် ပျက်စီးခြင်းအတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေ ပေးအပ်ရာတွင် ကုလားမျောကျေးရွာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း၊ လူနေအိမ်(၃)လုံး၊ အင်းပေါင်(မြောက်) လူနေအိမ်(၂)လုံး၊ အင်းပေါင်း(တောင်) လူနေအိမ်တစ်လုံး၊ မြို့လှကျေးရွာ လူနေအိမ်(၂)လုံး၊ တံတားဦးကျေးရွာ လူနေအိမ်(၂)လုံး၊ မြို့ဟောင်းကျေးရွာ လူနေအိမ်(၆)လုံး၊ ဝါးရုံတော(ရှေ)ရွာတစ်လုံး၊ ပင်းစု(တောင်)ရွာနှစ်လုံး၊ ကျွန်းကျဉ်းရွာတစ်လုံး၊ အင်းကြင်သာရွာ နှစ်လုံး၊ ဝါးပြားတဲစုရွာ လူနေအိမ်နှစ်လုံးရှိခဲ့ကြောင်း သိရပါတယ်။ ၎င်းတို့အား ကယ်ဆယ်ရေး ပစ္စည်း(၁၁)မျိုး၊ ပုံးတစ်ပုံးစီးနှင့် ပျက်စီးဆုံးရှုံးမှု တန်းဖိုးအလိုက် ထောက်ပံ့ငွေ များကို ရမည်းသင်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟန်နှင့် တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သွဲ့သွဲ့လင်းတို့မှ အိမ်ထောင်စုအလိုက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

SOURCE - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။