ဒီနေ့ကတော့မြန်မာ့လက်ရွေးစင်အသင်းရဲ့အဓိကနောက်ခံလူလည်းဖြစ်ထိုင်းပရီးမီးယားလိဒ်ကလပ်ချောင်ဘူရီအသင်းမှာကစားနေတဲ့ဇော်မင်းထွန်းရဲ့မွေးနေ့ပဲဖြစ်ပါတယ်။သူကတော့ဒီနှစ်ဘောလုံးရာသီကမှရန်ကုန်ယူနိုက်တက်အသင်းကနေထိုင်းကလပ်ချောင်ဘူရှီအသင်းကိုပြောင်းရွေ့သွားတာဖြစ်ပါတယ်။

ဇော်မင်းထွန်းဟာချောင်ဘူရီအသင်းမှာလည်းထင်ထားတာထက်ပိုပြီးအသင်းနဲ့အသားကျပြီးခြေစွမ်းပြနိုင်တာဖြစ်ပါတယ်။သူရဲ့ကြိုးစားမှုတွေကြောင့်ယခုဆိုပွဲထွက်ခွင့်တွေလည်းရပြီးအသင်းအတွက်လည်းကြုံသလိုဂိုးတွေသွင်းတာကြောင့်နည်းပြတွေပရိသတ်တွေကြိုက်တဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။

သူကတော့မြန်မာဘောလုံးပရိသတ်တွေအမြဲအားကျပြီးနှစ်သက်နေရတဲ့ကစားသမားတစ်ဦးဖြစ်တာပါ။မြန်မာအသင်းနောက်တန်းကနေခက်ခက်ခဲခဲနဲ့သွင်းဂိုးတွေမပေးရအောင်ဖျက်ထုတ်ပေးနေတာဖြစ်ပါတယ်။အဲ့လိုနိုင်ငံ့အသင်းအတွက်အားကြိုးမာန်တက်ကစားနေရင်းထိုင်းလိဒ်မှာပါအောင်မြင်နေတဲ့ဇော်မင်းထွန်းရဲ့မွေးနေ့လေးမှာလည်းဒီထက်မကပိုမိုအောင်မြင်ပါစေဖို့ပရိသတ်တွေနဲ့တူတူဆုတောင်းပေးလိုက်ကပါတယ်။

SOURCE:Zaw Min Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။