Hailey Bieber ဟာဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုမြန်မြန်ဆန်ဆန်ရတဲ့ မော်ဒယ်တွေထဲတစ်ယောက်ဖြစ်ပါတယ်။ အဲ့လိုဘာလို့အောင်မြင်ရလဲဆိုတာကို သူမဟာ တနင်္ဂနွေနေ့က ပြသသွားခဲ့ပါတယ်။ အဲ့နေ့တုန်းက သူမဟာ Levi 501 Day ဆိုတဲ့ Brand တစ်ခုပွဲကိုတက်ရောက်ခဲ့ပါတယ်။ Justin Bieber ရဲမိန်းမဖြစ်သူ Hailey Bieber ဟာဆိုရင် အဲ့ပွဲမှာ Fashion ဓာတ်ပုံတွေရိုက်ပေးခဲ့ကာ သက်ဆိုင်ရာ Page မှာလဲ Video ရိုက်တင်ပေးခဲ့ပါတယ်။ 

အဲ့လိုငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ရတဲ့သူဖြစ်နေတာကလဲ အခုလိုမျိုး လာကမ်းလှမ်းတဲ့ သူတွေနဲ့အဆင်ပြေအောင်နေပြီး ဝန်ဆောင်မှုကောင်းကောင်းပေးတက်တာတွေကြောင့်လဲပါပါတယ်။ အဲလိုမျိုး ဓာတ်ပုံတွေရိုက်ပေးတာတို့ Video ရိုက်တင်ပေးတာတို့ စသဖြင့် ဝန်ဆောင်မှုကောင်းကောင်းပေးတက်တာကြောင့် လူသိများလာပြီး အောင်မြင်လာတာဖြစ်ပါတယ်။ သူမနဲ့အတူ တခြားသော နာမည်ကြီး မော်ဒယ်တွေလဲပါဝင်ကာ ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။ 

အဲ့ပွဲကို Will Smith ရဲ့သားဖြစ်တဲ့ Jaden Smith လဲတက်ရောက်ခဲ့ကာ သူတို့နှစ်ယောက်ရဲ့ ပုံရိုပ်တွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ Hailey Bieber နဲ့ Justin Bieber တို့ရဲ့ မင်္ဂလာဆောင်ဟာဆိုရင်လဲ ယနေ့တိုင် ရက်အကန့်အသတ်မရှိ နောက်ဆတ်ထားတာကိုတွေ့ရပါတယ်။ အဲ့လိုတွေကြောင့်လဲ instagram မှာသူမဟာ အဆွေးကဗျာစာသားလေးကို တင်ခဲ့ပါသေးတယ်။ လူအများစုကတော့ Hailey ကို JB တစ်ယောက်ကမချစ်ဘူးလို့ ပြောကြခဲ့ကာ သူမလဲ အရင်တုန်းကဆိုရင် ပြန်လည်နားလည်အောင်ပြောပြပေမဲ့ ခုချိန်မှာတောင် ပြန်ပြီမပြောနိုင်တော့ပါဘူး။ 

Source : Daily Mail Celebrity 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။