Cannes ရုပ်ရှင်ပွဲတော်မှာဆိုရင် လိုက်ဖက်တဲ့ စုံတွဲတစ်တွဲရှိနေခဲ့ပါတယ်။ အဲ့အတွဲဟာ Priyanka Chopra နဲ့ Nick Jonas တို့အတွဲပဲဖြစ်ကြပါတယ်။ တနင်္ဂနွေနေ့တုန်းက ပြင်သစ်မှာရှိတဲ့ Hotel Martinez မှာပြုလုပ်ခဲ့တဲ့ Cannes Party ပွဲကို ခင်ပွန်းနဲ့အတူ တက်ရောက်လာခဲ့တဲ့ Chopra ရဲ့ပုံစံဟာဆိုရင် လှပနေပါတယ်။ အသက် ၃၆နှစ်ရှိပြီဖြစ်တဲ့ Chopra နဲ့ အသက် ၂၆နှစ်ရှိပြီဖြစ်တဲ့ Nick တို့ဟာ လိုက်ဖက်တဲ့ စုံတွဲတွေလို့ပြောလိုရအောင် လိုက်ဖက်စွာပဲ Fashion ကိုဝတ်ဆင်လာခဲ့ပါတယ်။  

သူတို့နှစ်ယောက် ပါတီကိုတက်ရောက်လာခဲ့တဲ့ Fashion ပုံစံအင်ကျီကိုလဲ ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရှေ့အပတ်မှာတော့ Cannes ရုပ်ရှင်ပွဲတော်အတွက် သူတို့နှစ်ယောက်ဟာ လေဆိပ်မှာ အတူတူရှိနေခဲ့ကြပါတယ်။ ရုပ်ရှင်ပွဲတော်ကိုလဲ အတူတူတက်ရောက်လာခဲ့ကာ အဲ့ပွဲတုန်းက တက်ရောက်ခဲ့ကြတဲ့ သူတိူ့အတွဲဟာလဲ တကယ်ကို လိုက်ဖက်ကြပါတယ်။ သူတို့နှစ်ယောက်ကလဲ အမြဲ ပျော်ရွှင်နေတဲ့ အတွဲပဲဖြစ်ကာ သူတို့ကိုမြင်မိတယ် ကိုယ်ပါ ပျော်ရွှင်မှုတွေ ခံစားရပါတယ်။ 

Nick နဲ့ Chopra ဟာဆိုရင် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက Umaid Bhawan နန်းတော်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ မင်္ဂလာဆောင်ကိုလဲ ၃ခါဆောင်ခဲ့ကြကာ လူတိုင်းပါးစပ်ကနေ ချီးကျူးပြောရလောက်တဲ့ထိ ရှိခဲ့ပါတယ်။ တစ်ယောက်က Bollywood နဲ့က Hollywood မင်းသမီးတစ်ယောက်ဖြစ်ပြီး တစ်ယောက်ကတော့ ကမ္ဘာကျေ်ာ ပေါ့အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ Nick တစ်ယောက် Chopra ကိုလက်ထပ်ခွင့်တောင်းခဲ့တုန်းကဆိုရင် Chopra တစ်ယောက် I Do ဆိုပြီးလိုတောင်ပြောဖို့ အံ့သြနေခဲ့ပါတယ်။

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။