ပရိသတ်ကြီးရေ.. ပြီးခဲ့တဲ့ မေလ(၁၂)ရက်နေ့က မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရန်ကုန်-မန္တလေးလေကြောင်းလိုင်း တစ်ခုဖြစ်တဲ့ MNA လေယာဉ် စက်ချို့ယွင်းမှုဖြစ်ပွားခဲ့တယ်ဆိုတာ ပရိသတ်ကြီးများ အသိပါပဲနော်..။

လေယာဉ်ရှေ့ဘီးချမရလို့ အရေးပေါ်ဆင်းသက်ခဲ့ရတဲ့ MNA လေကြောင်းလိုင်းရဲ့ လေယာဉ်မှူးဦးမြတ်မိုးအောင်ရဲ့ ဆုံးဖြတ်ချက်မှန်ကန်ပြီး တော်လွန်းတာကြောင့် ခရီးသည်တွေအားလုံး အသက်အန္တရာယ်ကင်းလွတ်ခဲ့ရတာကြောင့် ခရီးသည်တွေအပြင် ပရိသတ်တွေနဲ့ နိုင်ငံတော်တော်များများကပါ ချီးကျူးနေကြတာ တွေ့ရပါတယ်..။


အခုလို ခရီးသည်တွေ အသက်အန္တရာယ်ကင်းလွတ်အောင် အကောင်းဆုံး လုပ်ဆောင်ကယ်တင်ခဲ့တဲ့ လေယာဉ်မှူး ဦးမြတ်မိုးအောင်နဲ့ အဖွဲ့ကို လေယာဉ်စက်ချို့ယွင်းမှု ဖြစ်ပွားခဲ့စဉ်က လိုက်ပါခဲ့တဲ့ ခရီးသည်တွေကလည်း ဂုဏ်ပြုဆုငွေတွေနဲ့အတူ အခမ်းအနားလေးပွဲပြုလုပ်ကာ ပြန်လည်ဂုဏ်ပြုပေးခဲ့ကြပါတယ်..။

ဂုဏ်ပြုပွဲ အခမ်းအနားကိုတော့ ပြီးခဲ့တဲ့ မေလ(၁၉)ရက်နေ့က ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ပရိသတ်တွေတော်တော်များများနဲ့ အဆိုပါဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ အနုပညာရှင်တွေဖြစ်ကြတဲ့ စည်သူမောင်နဲ့ မုဏ်းတို့ကလည်း တက်ရောက်ဂုဏ်ပြုပေးခဲ့ကြတာ တွေ့ရပါတယ်..။


အခမ်းအနားပွဲတက်ရင်း အမှတ်တရဓာတ်ဖမ်းထားတဲ့ ပျော်ရွှင်စရာ ပုံရိပ်လေးတွေကိုလည်း စည်သူမောင်က ပရိသတ်တွေကို ပြန်လည်မျှဝေထားတာမို့ ပရိသတ်တွေကလည်း ဂုဏ်ပြုလက်ခုပ်သံလေးတွေနဲ့အတူ အားပေးနေကြပါတယ်နော်..။

လေယာဉ်မှူး ဦးမြတ်မိုးအောင်နဲ့ အဖွဲ့ဖြစ်တဲ့ လေယာဉ်အမှုထမ်း (၇) ဦးတို့ကို ဂုဏ်ပြုခဲ့တဲ့ အခမ်းအနားပွဲကို ပြီးခဲ့တဲ့မေလ (၁၉) ရက်နေ့ ညနေ (၄) နာရီက ရန်ကုန်မြို့၊ Novotel ဟိုတယ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်..။

Photo - စည်သူမောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။