သဘာဝမင်းသားလို့တင်စားကြတဲ့ ရုပ်ရှင်မင်းသား မြင့်မြတ် ကို ပရိသတ်တွေကတော့ ဘာပဲလုပ်လုပ် ချစ်နေကြတာပါပဲ။

ရိုးသားပွင့်လင်းတဲ့ သူ့ရဲ့ ပုံစံကြောင့်လည်း အကယ်ဒမီဆုနဲ့ လွဲခဲ့ရတာတောင် ရင်ထဲကအကယ်ဒမီဆုကို ရရှိထားတဲ့မင်းသားတစ်လက်ပါ။

လက်ရှိမှာတော့ တက်တူးတွေ အပြည့်ထိုးထားတဲ့ မြင့်မြတ် တစ်ယောက် သူ့ပရိသတ်တွေ ကြည့်ချင်တဲ့ ရင်ဘတ်တက်တူးကို ကတိပေးထားတဲ့အတိုင်း ပြလိုက်ပါပြီ။

ရင်ဘတ်က တက်တူးပြပေးပါဆိုလို့ တောင်းဆိုထားတဲ့ ပရိသတ်တွေအတွက် အခုလို အပေါ်ပိုင်းဘလာနဲ့ အရောင်စုံတဲ့ သူ့ရဲ့တက်တူးတွေကို အမှန်တကယ်ပဲ ဖွင့်ပြရှာပါတယ်။

တချို့ပရိသတ်တွေကတော့ မြင့်မြတ်ကို တက်တူးတွေနဲ့ မြင်ချင်သူတွေရှိသလို တချို့ကတော့ တက်တူးတွေဖြတ်စေချင်ကြတယ်လို့ လူမှုကွန်ရက်မှာ မှတ်ချက်ပြုကြပါတယ်။

ပရိသတ်ကြီးရော မြင့်မြတ်ကို တက်တူးတွေနဲ့ပဲ မြင်ချင်တာလား။ 

သတင်းအရင်းမြစ် Myint Myat

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။