ပရိတ်သတ်ကြီးရေ... တစ်ခေတ်တခါက အရမ်းကို အောင်မြင်ကျော်ကြားခဲ့တဲ့ အဆိုတော်မိုင်ရဲ့ သမီးဖြစ်သူ ရတနာမိုင်ဟာ အခုချိန်မှာ မိခင်ခြေရာနင်းနိုင်သူပီပီ အောင်မြင်မှုတွေကိုသိမ်းပိုက်ထားနိုင်သူလေးပဲဖြစ်ပါတယ်။ popသီချင်းချိုချိုလေးတွေနဲ့ soft rockအလန်းစားလေးတွေကိုသီဆိုပြီး ပရိတ်သတ်တွေရဲ့ သောတအာရုံကို ဖမ်းစားနိုင်သူလေးပါ။

ကလေးလေးလိုအရမ်းလည်းချစ်စရာကောင်းပြီးတော့ စိတ်ထားလည်းကောင်း အလှူအတန်းအရမ်းဝါသနာပါတဲ့သူမကတော့ တနိုင်တပိုင်အလှူလေးတွေ ခနခနဆိုသလိုလုပ်ဖြစ်ပြီး ဘုရားသွားကျောင်းတက်နဲ့ ဘာသာတရားလည်းကိုင်းရှိုင်းလွန်းသူလေးပါပရိတ်သတ်ကြီးရေ။ အနုပညာရှင်ဆိုပေမယ့်လည်းမာနလည်းမကြီး ချစ်ဖို့လည်းကောင်းတဲ့အတွက် ပရိတ်သတ်တွေရဲ့ လက်ခုပ်သံတော်တော်များများကိုသိမ်းပိုက်ထားနိုင်သူလေးလည်းဖြစ်ပါတယ်နော်။

သူမဟာ ပရဟိတလည်း ဝါသနာပါသူလေးဖြစ်တဲ့ အတွက် သူမတတ်စွမ်းတဲ့ အနုပညာအလုပ်နဲ့ တစ်ဖက်တစ်လမ်းကနေ လူထုအကျိုးပြု အလှူလေးတွေ ကုသိုလ်လေးတွေကို လုပ်တတ်တာပရိတ်သတ်ကြီးလည်းသိပြီးသားပါနော်။ ဒါကြောင့်အခုတစ်ခါမှာလည်း သူမဟာ ရခိုင် စစ်ဘေးရှောင်ပြည်သူတွေ အတွက်ရန်ပုံငွေဖျော်ဖြေရေးပွဲမှာ သွားရောက်ဖျော်ဖြေခဲ့ပြန်ပါတယ်နော်။ ပရဟိတစိတ်အပြည့်တဲ့ ကြိုးကြိုးစားစားလေး သီဆိုဖျော်ဖြေခဲ့တဲ့ ရတနာမိုင်ရဲ့ ဖျော်ဖြေရေးပွဲကပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Yadanar My

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။