မန်စီးတီးအသင်းဟာဒီနှစ်အင်္ဂလန်ပရီးမီးယားလိဒ်ပြိုင်ပွဲမှာတော့အအောင်မြင်ဆုံးအဖြစ်ရပ်တည်နိုင်ခဲ့တဲ့အသင်းပဲဖြစ်ပါတယ်။၂နှစ်ဆက်တိုက်ချန်ပီယံဆုကိုသမိုင်းတစ်လျောက်ပထမဆုံးဆွတ်ခူးနိုင်ခဲ့သလိုပြည်တွင်းဖလား၃လုံကိုလည်းတစ်ပြိုင်နက်ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုးအောင်မြင်မှုကတော့မန်စီးတီးအသင်းအတွက်တော့ပထမဆုံးသမိုင်းဝင်အောင်မြင်မှုပဲဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာဥရောပချန်ပီယံလိဒ်ပြိုင်ပွဲမှာလည်းစပါးအသင်းကိုနောက်ကျဂိုးတွေနဲ့သာရှုံးနိမ့်ခဲ့တာကြောင့်ကွာတားဖိုင်နယ်ကနေထွက်ခဲ့ရတာဖြစ်ပါတယ်။ခုလိုအောင်မြင်မှုတွေရရှိထားတဲ့မန်စီးတီးအသင်းရဲ့ကစားသမားတွေကလည်းဆုကြေးငွေတွေအများအပြားရရှိခဲ့ကြတာဖြစ်ပါတယ်။ပြည်တွင်းဖလား၃လုံးရရှိခဲ့တာကြောင့်ဆုကြေးငွေ၁၅သန်းခန့်ရရှိခဲ့တာဖြစ်ပါတယ်။

ကစားသမားတစ်ဦးချင်းစီအနေဖြင့်တစ်ယောက်ကိုပေါင်၄သိန်းကနေ၇သိန်းခွဲအထိရရှိခဲ့တာဖြစ်ပါတယ်။အဓိကကစားသမားတွေဖြစ်တဲ့ဒီဘရိုင်း၊ဒေးဗစ်ဆေးဗားတို့ကတော့တစ်ယောက်ကိုပေါင်၇သိန်းခွဲလောက်ရရှိခဲ့တာပါ။မန်စီးတီးအသင်းဟာပြည်တွင်းမှာအောင်မြင်မှုတွေရရှိခဲ့ပေမယ့်မန်စီးတီးအသင်းရဲ့နောက်နှစ်ရာသီပစ်မှတ်ကတော့ချန်ပီယံလိဒ်ဗိုလ်ဆွဲဖို့ပဲဖြစ်ပါတယ်။

SOURCE:DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။